တစ်ညလုံး ရှေ့တန်းရောက်နေကြတဲ့ KIAရဲဘော်များအတွက် ညလုံးပေါက် ရိက္ခာချက်ပြုတ်ပြင်ဆင်နေကြတဲ့ ကချင်ပြည်သူများ

//s9.kh1.co/40/40cb85032029353ead0ce0d7a229ae0fb3ef0ffd.jpeg
နေ့စဉ်သတင်းများ

 ၁၁-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

တစ်ညလုံး ရှေ့တန်းရောက်နေကြတဲ့ KIAရဲဘော်များအတွက် ညလုံးပေါက် ရိက္ခာချက်ပြုတ်ပြင်ဆင်နေကြတဲ့ ကချင်ပြည်သူများ

လက်ရှိမှာဆိုရင် မတည်မငြိမ်ဖြစ်နေတဲ့အခြေအနေများကြောင့် ပြည်သူလူထုလည်း ဒုက္ခအခက်အခဲပေါင်းများစွာကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။စစ်ဘေးဒုက္ခကိုခံစားနေရတဲ့ တချို့ပြည်နယ်တွေမှာဆိုရင် တောတောင်ထဲမှာတောင် ခက်ခဲပင်ပန်းစွာ ရပ်တည်နေရပြီး မိမိတို့အသက်အန္တရာယ်လုံခြုံဖို့အတွက်ကိုသာ ဦးစားပေးနေရတာဖြစ်ပါတယ်။လူသားအချင်းချင်းဂရုဏာထားပေးတတ်ကြတဲ့ တချို့စေတနာရှင်တွေကလည်း စစ်ဘေးရှောင်တွေကိုတစ်တပ်တစ်အားကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။  

Photo Credit:Sai Htwe 
Photo Credit:Sai Htwe 
Photo Credit:Sai Htwe 
Photo Credit:Sai Htwe 
Photo Credit:Sai Htwe 
Photo Credit:Sai Htwe 

ကချင်စစ်ဘေးရှောင်တွေထဲမှာလည်း သက်ကြီးရွယ်အိုအဘိုး၊အဘွားတွေနဲ့ ကလေးလေးတွေလည်း အများအပြားပါဝင်နေတာဖြစ်ပါတယ်။ကလေးလေးတွေခမျာ အသက်ငယ်ငယ်လေးနဲ့ ဘဝရဲ့ခါးသီးမှုတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကချင်တိုင်းရင်းသားတွေကတော့ မိမိတို့လူမျိုးအချင်းချင်းလည်း ဖေးမကူညီပေးကြပြီး စည်းစည်းလုံးလုံးနဲ့ အရာရာကိုဖြတ်ကျော်နေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ကချင်ပြည်သူတွေက ရှေ့တန်းရောက် KIAရဲဘော်များအတွက် ရိက္ခာချက်ပြုတ်နေကြတာဖြစ်ပါတယ်။   

Photo Credit:Sai Htwe 
Photo Credit:Sai Htwe 
Photo Credit:Sai Htwe 
Photo Credit:Sai Htwe 
Photo Credit:Sai Htwe 
Photo Credit:Sai Htwe 

KIA အဖွဲ့သားတွေကလည်း တစ်ညလုံးရှေ့တန်းကိုရောက်ရှိနေကြပြီး စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ဒါ့ကြောင့် နောက်တန်းမှာကျန်နေခဲ့တဲ့ ကချင်တိုင်းရင်းသားတွေက အဖွဲ့သားတွေအဟာရပြည့်ဝဖို့အတွက် အစားအသောက်တွေကို ညလုံးပေါက်ပြင်ဆင်နေကြတာဖြစ်ပါတယ်။ကချင်တိုင်းရင်းသားတွေက လက်ရှိအခြေအနေမှာ တစ်စိတ်တစ်ဝမ်းတည်းရှိကြပြီး အခက်အခဲတွေအားလုံးကို မျှဝေခံစားနေကြတဲ့ ပီတိဖြစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Sai Htwe 
Photo Credit:Sai Htwe 
Photo Credit:Sai Htwe 
Photo Credit:Sai Htwe 
Photo Credit:Sai Htwe 
Photo Credit:Sai Htwe 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T