မြန်မာ့နွေဦးတော်လှန်ရေး ရက် ၁၀၀ ပြည့်တဲ့နေ့အထိ သေဆုံးသူပြည်သူ အယောက် ၈၀၀ နီးပါးရှိလာ

//s9.kh1.co/4c/4cd57cf096df6eb45d9357278716c2d18e8998ef.jpg
နေ့စဉ်သတင်းများ

 ၁၁-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့မေလ ၁၁ ရက်နေ့ဟာ မြန်မာနိင်ငံမှာ အာဏာသိမ်းခံရတာ ရက် ၁၀၀ ပြည့်မြောက်တဲ့ နေ့ရက်ပဲဖြစ်ပါတယ်။ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းထဲက NLD အစိုးရကိုဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပီးထဲက မြန်မာနိုင်ငံအတွင်းမှာ ဆန္ဒထုတ်ဖော်မှုတွေနဲ့ သပိတ်မှောက်မှုတွေဖြစ်ပေါ်ခဲ့ပြီး ဆန္ဒထုတ်ဖော်သူတွေဟာ အပြင်းအထန် ဖိနှိပ်ဖြိုခွဲခံခဲ့ရပါတယ်။ ဆန္ဒထုတ်ဖော်တိုင်း အသက်သေဆုံးနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပေမယ့်လည်း မြန်မာပြည်သူ ၊ ပြည်သားတွေကတော့ ယနေ့ထက်ထိ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်နေကြဆဲဖြစ်ပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

အာဏာသိမ်ပြီးထဲကနေ ယနေ့ထက်ထိ သေဆုံးခဲ့ရတဲ့ ပြည်သူဦးရေဟာဆိုရင်လည်း အယောက် ၈၀၀ နီးပါးရှိနေပြီဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ ပြည်သူဦးရေကလည်း အယောက် ၄၀၀၀ နီးပါးရှိနေပြီပဲဖြစ်ပါတယ်။

မြန်မာနိင်ငံတစ်ဝှမ်းလုံးက မြို့နယ်တွေမှာ ညဘက်တွေမှာရော နေ့ဘက်တွေမှာပါ ဖမ်းဆီးခံနေရသလို တစ်ချို့ကတော့ ပြန်လွတ်လာကြပေမယ့် ထောင်နဲ့ချီတဲ့ပြည်သူတွေကတော့ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲပဲဖြစ်ပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ယနေ့ မတ်လ ၁၁ ရက်နေ့ တော်လှန်ရေး ရက် ၁၀၀ ပြည့်တဲ့နေ့မှာဆိုရင်လည်း ပြည်သူ့အတွက် ထုတ်လွှင့်တဲ့ ဖက်ဒရယ် FM ကနေ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အလေးပြုတဲ့အနေနဲ့ ရေဒီယို ထုတ်လွှင့်ချက် အစီအစဉ်ကို တစ်နေ့တာ Round-up ထုတ်လွှင့်သွားပါမယ် ။တော်လှန်ရေး အသံ၊ဟန်၊မာန်၊ ဟောပြောချက်တွေ၊ ကဗျာ၊ သီချင်းတွေကို စုစည်းပြီး သတင်းအဖြစ်အပျက်အနှစ်ချုပ်တွေနဲ့ စစ်အကြမ်းဖက်သမားတွေရဲ့ ဖိနှိပ်မှုတွေနဲ့ လူထုရဲ့ ရဲဝင့်ပြတ်သားစွာ အာဏာဖီဆန်မှုတွေကို တင်ဆက်နိုင်သမျှ စုစည်းထုတ်လွှင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တိုင်းပြည်ကောင်းစားဖို့အတွက် အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေကို တော်လှန်ရေးရက် ၁၀၀ ပြည်တဲ့နေ့မှာ ဝိုင်းဝန်း အလေးပြု ပေးကြဖို့အတွက်လည်း ပြည်သူတွေက တောင်းဆိုနေကြတာကိုလည်း တွေ့ရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T