မကြာခင်ကျရောက်တော့မယ့် ပိုပိုမွေးနေ့အတွက်ဆုတောင်းပေးရင်း လက်ရှိအခြေအနေတွေကို စိတ်မကောင်းစွာပြောပြလာတဲ့ Hu Go

//s9.kh1.co/90/9030c5e4ee1773afd0519397ab6d0f0b72a7a4e0.jpeg
အနုပညာရှင်များ

 ၁၀-မေ-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့လပိုင်းတွေကတည်းက ဒီနေ့အချိန်ထိ ၅၀၅ က ဖြင့် အမှုဖွင့် အရေးယူထိန်းသိမ်းခံထားရတဲ့ နာမည်ကျော်အနုပညာရှင်တွေထဲမှာ အဆိုတော်ပိုပိုကလည်း တစ်ယောက်အပါအဝင်ပါပဲ..။

အဆိုတော်ပိုပိုအတွက် ပြည်သူပရိသတ်တွေအပြင် အနုပညာရှင်တွေတော်တော်များများကလည်း စိတ်ပူနေကြသလို သူငယ်ချင်းဖြစ်သူ မော်လ်ဒယ်သရုပ်ဆောင် Hu Go ကလည်း မွေးနေ့ဆုတောင်းစကားတွေနဲ့အတူ လက်ရှိအခြေအနေတွေကို ပြောပြလာပါတယ်..။

Photo Credit - Hu Go's Fb Acc
Photo Credit - Hu Go's Fb Acc
Photo Credit - Hu Go's Fb Acc
Photo Credit - Hu Go's Fb Acc

မကြာခင်မှာ ကျရောက်တော့မယ့် မွေးနေ့လေးအတွက် ဆုတောင်းစကားတွေနဲ့ အမှတ်တရအကြောင်းတွေအပြင် ပိုပိုနဲ့ပတ်သက်တဲ့ လက်ရှိအခြေအနေတွေကိုလည်း Hu Go က အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

ပိုပိုဘယ်မှာလဲ ဘယ်ထောင်မှာလဲဆိုတာ မိသားစုတွေအပြင် ဘယ်သူမှ မသိကြတဲ့အကြောင်းတွေ၊ သူမရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့လည်း ဝမ်းနည်းစိတ်မကောင်းဖြစ်ကာ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့ကိုလည်း ဆုတောင်းပေးထားတာပါ..။

Photo Credit - Hu Go's Fb Acc
Photo Credit - Hu Go's Fb Acc
Photo Credit - Hu Go's Fb Acc
Photo Credit - Hu Go's Fb Acc

"နောက်၆ရက်နေရင် Happy Birthday ပါ အမရေ ?

ထပ်ဆင့်ဝမ်းနည်းရပြန်ပီဗျာ!

မှတ်မိပါသေးတယ် 

မွေးနေ့မှာ ဘာမှမပေးနဲ့ သူငယ်ချင်းတွေ စုံအောင်လာရင်ပဲ ပြည့်စုံ​ပြီလို့ ပြောခဲ့တာကို ?

အခုတော့ အမဘယ်မှာရှိလဲဆိုတောင် မသိရဘူး?

မတရားဖမ်းဆီးခံထားရတဲ့ မပိုပို

မွေးနေ့မှာအမြန်ဆုံးလွတ်မြောက်ပါစေ!

သတင်းတခုခုတော့ကြားရပါစေ

She is My Friend and After 6days She have Her Birthday!

She Is a Famous Singer In our Land!

BUT...???

 she is in the jail since April!

and nobody knows where is she and which jail That they took her... That's not secure for her life!

Maybe They Killed her!

We have no information about her and

Either Her Family!

She is innocent and she just stand for justice!

Thats why military coups arrested her without a reason!

❌ Please Speak-Out for her ❌

Save_Myanmar 

What_Happen_In_Myanmar.." ဆိုပြီး စိတ်မကောင်းစွာ ရေးသားပြောပြထားတာပါ..။

Hu Go ရဲ့ အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း ပိုပိုအတွက် စိတ်ပူနေကြတဲ့အကြောင်းတွေနဲ့ အားပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Hu Go's Fb Acc
Photo Credit - Hu Go's Fb Acc
Photo Credit - Hu Go's Fb Acc
Photo Credit - Hu Go's Fb Acc

သတင်း အရင်းအမြစ်Hu Go's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T