ဝေးလံခေါင်သီတဲ့ဒေသက စစ်ဘေးရှောင်တိုင်းရင်းသား ပြည်သူတွေအတွက် လိုအပ်တာတွေ ဖြည့်ဆည်းလှူဒါန်းခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/39/39dce029694c3075c4b112de3e387c67f57bfab9.jpeg
အနုပညာရှင်များ

 ၁၀-မေ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသလို ပရဟိတအလုပ်တွေကိုလည်း အင်တိုက်အားတိုက် ပြုလုပ်နေသူကတော့ မင်းသားဝေဠုကျော်ပဲ ဖြစ်ပါတယ်..။

ဝေဠုကျော်ကတော့ ပြည်သူတွေအတွက် ပရဟိတဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားကာ စားဝတ်နေရေးအပြင် အစစအရာရာ ခက်ခဲနေကြသူတွေအတွက် ဖေးမကူညီမှုတွေနဲ့ လှူဒါန်းနေတာလည်း တွေ့ရပါတယ်..။

Photo Credit - Wai Lu Kyaw Foundation 's Fb Page
Photo Credit - Wai Lu Kyaw Foundation 's Fb Page

ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ ဒီကနေ့မှာလည်း ဝေးလံခေါင်သီတဲ့တောင်ပေါ်ဒေသက စစ်ဘေးရှောင်တိုင်းရင်းသား ပြည်သူတွေအတွက် လိုအပ်တာတွေ ဖြည့်ဆည်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

​အေးချမ်းလွန်းလှတဲ့ တောင်ပေါ်ဒေသက စစ်ဘေးရှောင်တိုင်းရင်းသားပြည်သူတွေအတွက် လိုအပ်နေတဲ့ အနွေးထည်တွေ  ပေးဝေလှူဒါန်းကာ ကုသိုလ်ပြုခဲ့တဲ့အကြောင်းတွေကိုလည်း ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation 's Fb Page
Photo Credit - Wai Lu Kyaw Foundation 's Fb Page
Photo Credit - Wai Lu Kyaw Foundation 's Fb Page
Photo Credit - Wai Lu Kyaw Foundation 's Fb Page

"10-5-2021

တိုက်ပွဲရှောင် တိုင်းရင်းသားများအတွက် အလှူ

ဝေဠုကျော်ဖောင်ဒေးရှင်းမှ အအေးပိုလှသည့် တောင်ပေါ်တိုက်ပွဲရှောင် တိုင်းရင်းသားများအတွက် အနွေးထည် ၂၂ထုပ်ကို ခရစ်ယာန်အဖွဲ့အစည်းက ဒေါ်ချယ်ရတီထူး မှတဆင့် ကူညီထောက်ပံ့ပေးလိုက်ပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014.." ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

ဝေးလံခေါင်သီတဲ့ အရပ်ဒေသက အခက်အခဲတွေနဲ့ လိုအပ်နေကြတဲ့ ပြည်သူတွေအတွက်လည်း တတ်နိုင်တဲ့အင်အားတွေနဲ့ တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation 's Fb Page
Photo Credit - Wai Lu Kyaw Foundation 's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation 's Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T