Miss Universe National Costume Competition မှာ မြန်မာ့အလံကိုင်ကာ တစ်နိုင်ငံလုံးကိုယ်စား အော်ဟစ်ပြီး အားပေးမယ်ဆိုတဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/97/97087207003910c30d2ab0c995dad87f1626ca05.png
အနုပညာရှင်များ

 ၁၀-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

Miss တစ်ယောက်ဖြစ်ဖို့ဆိုတာတကယ်ကိုမလွယ်ပါဘူး။ နိုင်ငံကိုယ်စားပြု Miss ဖြစ်ဖို့တောင် အတော်လေးကြိုးစားရသလို တစ်ကမ္ဘာလုံးရဲ့ Miss ဖြစ်ဖို့ဆိုတာ ပိုလို့တောင်မလွယ်ပါဘူး။ လက်ရှိ မြန်မာကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်နေတဲ့ အလှမယ်သူဇာဝင့်လွင်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အများကြီး Speak Out လုပ်ပေးသလို ကိုယ်တိုင်လည်း တက်တက်ကြွကြွပါဝင်နေသူတစ်ယောက်ပါ။ Miss တစ်ယောက်မှာရှိသင့်တဲ့အရည်အချင်းတွေ အပြည့်အဝရှိနေသူမို့ နိုင်ငံတကာ Miss တွေကြားထဲမှာ မျက်နှာပန်းလှသူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။

Photo Credit - Ye Htoo Win's FB Acc
Photo Credit - Ye Htoo Win's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc

နိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်တာကြောင့် တစ်နိုင်ငံလုံးကလည်း ခြိမ့်ခြိမ့်သဲသဲအားပေး နေကြပါတယ်။ အမဖြစ်သူ မေဟာလည်း ထူးချွန်တဲ့ညီမလေးကို အပြည့်အဝ ပံ့ပိုးပေးပြီး နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ဖို့အတွက် အားပေးနေခဲ့ပါတယ်။ မြန်မာအလှမယ် သူဇာဝင့်လွင်ဟာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာအဆင့် အလှမယ်ပွဲတွေကို အကြိုခန့်မှန်းပေးလေ့ရှိတဲ့ Siera Bearchell ရဲ့ အကြိုခန့်မှန်း Top 21 list မှာ နံပါတ် (၁၉) နေရာက " She has special story, She is gorgeous " ဆိုပြီး ဖော်ပြခြင်းခံခဲ့ရပါတယ်။

Photo Credit - Thu Zar Wint Lwin's  FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc
Photo Credit - Thu Zar Wint Lwin's FB Acc

အမေရိကန်နိုင်ငံမှာကျင်းပတဲ့ပွဲဖြစ်တာမို့ အမေရိကန်ရောက်မြန်မာတစ်ယောက်ဖြစ်တဲ့ ဥက္ကာမင်းမောင်ဟာ ကိုယ့်နိုင်ငံကအလှမယ်လေးကို မြန်မာအလံကိုင်ပြီး အားပေးမယ့်အကြောင်း " မြန်မာအလံလေးရပြီ.. Miss Universe National Costume Competition ကျရင် အသားကုန်အော်ပြီလေ ကိုယ့်မြန်မာ အင်အားကနည်းတယ်ဆိုတော့ တတိုင်းပြည်လုံးကိုယ်စား အသံကုန်ဟစ်အားပေးမယ် Chrissy A Hla ရေလိပ်ခေါင်းထွက်အောင်အော်ပါ နော်လို့.. ကိုယ့်မြန်မာမလေးကို ဟဟဟ " ဆိုပြီး အရွှန်းဖောက်ကာ ရေးသားခဲ့ပါတယ်။ စိတ်ဖိစီးမှုတွေကြားက အများကြီးကြိုးစားနေတဲ့ Candy ကို ပရိသတ်တွေကလည်း စိတ်ခွန်အားပေးတဲ့ စကားတွေပြောခဲ့ကြပါတယ်။

Photo Credit - Ye Htoo Win's FB Acc
Photo Credit - Ye Htoo Win's FB Acc

သတင်း အရင်းအမြစ်Ye Htoo Win's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T