သမီးကြီးကဖမ်းဆီးခံထားရပြီး သမီးလတ်က ဆေးရုံရောက်နေတဲ့အပြင် သားငယ်လေးပါဆုံးပါးသွားလို့ ဝမ်းနည်းပက်လက် ငိုကြွေးနေရှာတဲ့ မိခင်တစ်ဦး

//s9.kh1.co/af/af56b89d32470a82348751c230481309f9125429.jpg
နေ့စဉ်သတင်းများ

 ၁၀-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

သမီးကြီးကဖမ်းဆီးခံထားရပြီး သမီးလတ်က ဆေးရုံရောက်နေတဲ့အပြင် သားငယ်လေးပါဆုံးပါးသွားလို့ ဝမ်းနည်းပက်လက် ငိုကြွေးနေရှာတဲ့ မိခင်တစ်ဦး

လူထုဆန္ဒထုတ်ဖော်ပွဲတွေကတော့ ဖေဖော်ဝါရီလကတည်းက စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ယနေ့အချိန်အထိတိုင်အောင် မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ မြင်တွေ့နေရဆဲ ဖြစ်ပါတယ် ။ ပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့တာ (၃)လ ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းကပါ စောင့်ကြည့်နေတာ ဖြစ်ပါတယ် ။ အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေ (၇၀၀)ကျော်ရှိပြီဖြစ်သလို ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ထောင်နဲ့ချီရှိနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီလိုဖြစ်ရပ်တွေကြောင့် တစ်ချို့မိသားစုတွေခမျာ သေကွဲကွဲခဲ့ရသလို တစ်ချို့မှာလည်း ရှင်ရက်နဲ့ခွဲခွာနေရတာ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ဦးတင်ထားတဲ့ မိခင်တစ်ယောက်ရဲ့ပုံလေးက တကယ့်ကို စိတ်ထိခိုက်ကြေကွဲစရာကောင်းနေတာ ဖြစ်ပါတယ် ။ ပုံထဲမှာတော့ မိခင်တစ်ယောက်က သားဖြစ်သူရဲ့ရုပ်အလောင်းကိုဖက်ပြီး ဝမ်းနည်းပက်လက် ငိုကြွေးနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သမီးကြီးက ဖမ်းဆီးခံထားရသလို သမီးလတ်ကလည်း ဒဏ်ရာတွေနဲ့ဆေးရုံရောက်နေပြီး သားငယ်လေးကပါ ဆုံးပါးသွားတဲ့ ဒီအန်တီကြီးရဲ့အဖြစ်ကတော့ ကြားရသူအဖို့ စိတ်မချမ်းမြေ့စရာကောင်းနေတာ ဖြစ်ပါတယ် ။ သားသမီးတွေ ဒုက္ခရောက်နေတာမြင်ပြီး ရင်ကွဲမတက် ခံစားနေရရှာတဲ့ ဒီအန်တီကြီးရဲ့ရင်ထဲမှာတော့ အပူမီးတွေတောက်လောက်နေမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ် ။ ပြည်သူတွေကလည်း ထပ်တူထပ်မျှ ကြေကွဲခံစားရကြောင်း ပြောပြပြီး အန်တီကြီးကို အားပေးနှစ်သိမ့်နေကြတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T