ဗီယက်နမ်အလှမယ်ရဲ့ဝတ်စုံ ကူညီပေးမှုကြောင့် ပြိုင်ပွဲကိုအခက်အခဲမရှိဆက်လက်ယှဉ်ပြိုင်သွားမယ့် Miss Universe Myanmar သူဇာဝင့်လွင်

//s9.kh1.co/22/2209b938abc016b8461712c95a7b02cfb7a50e3e.jpeg
အနုပညာရှင်များ

 ၁၀-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အလှမယ် သူဇာဝင့်လွင်ကတော့ မေလ (၁၃) နေ့မှာ Miss Universe ပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် အမေရိကန်နိုင်ငံကိုရောက်ရှိနေပြီပဲ  ဖြစ်ပါတယ်။ သူမရဲ့ Evening Gown ဝတ်စုံတွေထည့်ထားတဲ့ အိတ်ဟာ American Airline ရဲ့မှားယွင်းမှုကြောင့် Los Angeles လေဆိပ်မှာ ကျန်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် သူဇာဝင့်လွင်တစ်ယောက်စိတ်ဖိစီးနေတာ ဖြစ်ပါတယ်။ အားလုံးကလည်း သူမရဲ့အိတ်ပြန်လည်ရရှိအောင် အတတ်နိုင်ဆုံး ကြိုးစားပေးနေတာ ဖြစ်ပါတယ်။ သူမရဲ့ အစ်မဖြစ်သူမေကလည်း နိုင်ငံရပ်ခြားမှာ ပူပင်သောကရောက်နေတဲ့ ညီမလေးအတွက်စိတ်ပူနေတာ ဖြစ်ပါတယ်။ 

Photo Crd-Thinzar Wint Lwin’s Facebook Page 
Photo Crd-Thinzar Wint Lwin’s Facebook Page 
Photo Crd-Thinzar Wint Lwin’s Facebook Page 
Photo Crd-Thinzar Wint Lwin’s Facebook Page 

အခုတော့ Candy ရဲ့ ဝတ်စုံတွေ အတွက်ကူညီပေးမယ့်သူ ပေါ်ပေါက်လာပါပြီနော်။ ဒါကတော့ ဗီယက်နမ်အလှမယ်က သူမတွင်ပါလာတဲ့ ဝတ်စုံ (၂၀၀) ကျော်ထဲမှ candy အတွက် သင့်တော်တဲ့ outfit တွေကို ကူညီပေးသွားမယ့်အကြောင်း ပြောလာတာ ဖြစ်ပါတယ်။ ဗီယက်နမ် အလှမယ်ကတော့ ကမ္ဘာ့နာမည်ကြီးတံဆိပ်တွေအပြင် Vietnam နိုင်ငံရဲ့ နာမည်ကြီး ဒီဇိုင်နာ တွေရဲ့ ဝတ်စုံ (၂၀) ကျော်ပါသွားပြီး outfits (၂၀၀) ကျော်ကို ယူဆောင်လာတာ ဖြစ်ပါတယ်။ 

Photo Crd-Thinzar Wint Lwin’s Facebook Page 
Photo Crd-Thinzar Wint Lwin’s Facebook Page 
Photo Crd-Thinzar Wint Lwin’s Facebook Page 
Photo Crd-Thinzar Wint Lwin’s Facebook Page 

သရုပ်ဆောင် ဘုန်းဆက်သွင်ကလည်း သူ့ရဲ့ Facebook အကောင့်တွင် " Thank You Vietnam and Good Luck Myanmar❤️?” ဆိုပြီး ကျေးဇူးတင်စကား ရေးသားဝေမျှပေးထားတာ ဖြစ်ပါတယ်။

အလှမယ်အချင်းချင်း အခက်အခဲတွေနဲ့ ကြုံတွေ့တိုင်း အခုလို ကူညီဖြေရှင်းပေးကြတာ ဝမ်းသာစရာပါပဲ။ Candy တစ်ယောက် ပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ပြီး  မြန်မာနိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။ ပရိသတ်များကလည်း သူမရဲ့ယှဉ်ပြိုင်မှုတွေကိုကြည့်ရှုပြီး Online ကနေ Voting ပေးကြဖို့တိုက်တွန်းလိုက်ပါရစေနော်။

Source and Photo Crd-Phonr Sett Thwin’s Facebook Account , Paradise Beauty Pageant’s Facebook Page and Thuzar Wint Lwin’s Facebook Page 

Photo Crd-Paradise Beauty Pageant’s Facebook Page
Photo Crd-Paradise Beauty Pageant’s Facebook Page
Photo Crd-Paradise Beauty Pageant’s Facebook Page
Photo Crd-Paradise Beauty Pageant’s Facebook Page
Photo Crd-Phone Sett Thwin’s Facebook Account 
Photo Crd-Phone Sett Thwin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T