ကြောက်ခေတ်ကိုမှောက်ပစ်ဖို့အတွက် လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်နေကြတဲ့ ရန်ကုန်မြို့က လူငယ်များ

//s9.kh1.co/89/89c0bf8b54fa2d3c8300675893302bc7b98e5f28.jpg
နေ့စဉ်သတင်းများ

 ၁၀-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

နွေဦးတော်လှန်ရေး ဒုတိယလှိုင်း စတင်ထဲက နေ့စဥ်နေ့တိုင်း ပြောက်ကျားသပိတ်တွေ ပြန်မြင်တွေ့နေရတဲ့ ရန်ကုန်မြို့အတွင်းမှာတော့ ဒီကနေ့မှာလည်း ပြောက်ကျားသပိတ် တစ်ခုထွက်ရှိခဲ့ပါတယ်။

ဒီပြောက်ကျားသပိတ်ကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့က Gen-Z လူငယ်တွေဦးဆောင် ပြုလုပ်နေတာဖြစ်ပြီး သပိတ်ချီတက်ရာ လမ်းတစ်လျှောက်က ပြည်သူတွေကလည်း ထောက်ခံအားပေးခဲ့တာကို တွေ့ရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ဒီပြောက်ကျားသပိတ်အတွင်းမှာတော့ လှိုင်မြို့နယ်က လူငယ်များ ၊ စမ်းချောင်းမြို့နယ်က လူငယ်များ ၊ ကြည့်မြင်တိုင်မြို့နယ်က လူငယ်တွေနဲ့ သပိတ်ပြုလုပ်ရာနေရာမှာ ရှိတဲ့ လမ်းသွား ၊ လမ်းလာတွေ ပြည်သူ တွေပါဝင်ပါတယ်။

များပြားလှတဲ့ လူငယ်တွေပါဝင်တဲ့ ဒီသပိတ်ဟာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်အတွင်းက လမ်းမတွေပေါ်မှာ ယနေ့မနက် ၉ နာရီခွဲ လောက်က စတင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

သပိတ်အတွင်း ပါရှိတဲ့ လူငယ်တွေဟာကြွေးကြော်သံတွေ သံပြိုင်ဟစ်ကြွေးကာ ပြေးလွှားဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် အောင်မြင်စွာ လူစုခွဲနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ရန်ကုန်မှာသာမက မြန်မာတစ်နိုင်ငံလုံးမှာ ဆန္ဒထုတ်ဖော်တိုင်း အပြင်းအထန် ဖြိုခွဲခံရပေမယ့်လည်း ကြောက်ခေတ်ကိုမှောက်ပစ်မယ့် လူငယ်တွေကတော့ နေ့စဥ် လမ်းမတွေပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေကြဆဲပဲ ​ဖြစ်ပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T