အကျီအဖြူတွေ ဝတ်ဆင်ကာ အားမာန်အပြည့်နဲ့ ဆန္ဒထုတ်ဖော်နေကြတဲ့ ထားဝယ်မြို့နယ်က ပြည်သူများ

//s9.kh1.co/4d/4d997fb1a5600e9de9dbb4ab087c888533188aa3.jpg
နေ့စဉ်သတင်းများ

 ၁၀-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ မေလ(၁၀)ရက်နေ့မှာတော့ ထားဝယ်မြို့နယ်မှ ပြည်သူလူထုတွေက အကျီအဖြူဝတ်ကာ အင်အားအပြည့်နဲ့ ချီတက်ဆန္ဒထုတ်ဖော်ကြနေတဲ့ ပုံရိပ်တွေကို တွေ့မြင်ရတာ ပဲဖြစ်ပါတယ်။အခုဆိုရင် မြန်မာနိုင်ငံ နေရာအရပ်ရပ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအားလုံးက စည်းစည်းလုံးလုံးနဲ့ ရရာနေရာကနေ နည်းလမ်းမျိုးစုံ အသုံးပြုကာ ဆန္ဒထုတ်ဖော်မှုတွေကို ငြိမ်းချမ်းစွာ ပြုလုပ်လျက် ရှိတာကို တွေ့ရပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

အခုလို လူထုလှုပ်ရှားမှုတွေမှာ အဓိက ပါဝင်နေကြတဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ ထီထွင် ကြံဆမှုကလည်း အမှန်တကယ်ကို လေးစားစရာကောင်းပါတယ်။နွေဦးတော်လှန်ရေးမှာ အေးချမ်းစွာ ဆန္ဒထုတ်ဖော်ရင်း အသက်ပေးသွားရတဲ့ သူရဲကောင်းတွေ အတွက်လည်း ယူကြုံးမရဖြစ်ကာ ပြည်သူတစ်ရပ်လုံး ဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။ပြည်သူ့ သူရဲကောင်းတွေ အသက်ပေးသွားရတာကြောင့်လည်း လက်ရှိအချိန်ထိ အခက်အခဲ အန္တရယ်တွေ ကြားကနေ အချင်း ချင်း အပြန်အလှန် စောင့်ရှောက်ရင်း ဆက်လက် ကြိုးစားနေကြတုန်း ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

ပြည်သူတွေက ဘယ်လို အခက်အခဲပဲ ရှိရှိ ဇွဲမာန်အပြည့်နဲ့ တက်ကြွစွာ နေ့ဘက်တွင်သာမက ညဘက်တွေလည်း ရင်ထဲကဆန္ဒ အမှန်ကို ထုတ်ဖော်ကာ လှုပ်ရှားမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။လူကြီး၊လူငယ်အပြင် ကလေးငယ်လေးတွေကပါ တက်ညီလက်ညီနဲ့ ရင်ဆိုင်နေကြလို့ အားတက်စရာ​ကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ယနေ့မှာတော့ ထားဝယ်မြို့နယ်က ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသနေတဲ့ ပုံရိပ်တွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T