လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် မင်္ဂလာပွဲ ပြုလုပ်မယ့်အိမ်မက်လေး ပျက်စီးသွားတဲ့အတွက် စိတ်မကောင်းဖြစ်နေတဲ့ နိုင်းဝမ်း

//s9.kh1.co/56/5621bdaa94015e8b2268659c208fc420fa23099a.jpeg
အနုပညာရှင်များ

 ၁၀-မေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သီချင်းတွေကို  ကိုယ်တိုင်ဖန်တီးရေးသားသီဆိုရင်း  ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသူကတော့  အဆိုတော်  နိုင်းဝမ်းဖြစ်ပါတယ်။ သူကတော့  G-Family အဖွဲ့ဝင် Rapper တစ်ဦးဖြစ်ပြီး သူ့ရဲ့ သီချင်းဟောင်းတွေကိုလည်း  ယနေ့ချိန်ထိ ပရိသတ်​တွေ နားဆင်အားပေးနေကြဆဲပဲ  ဖြစ်ပါတယ်။   ဒါ့အပြင် အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ဘက်ကနေ အခိုင်အမာ ရပ်တည်ပေးခဲ့တဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Crd-Kyaw Zin Latt’s Facebook Account 
Photo Crd-Kyaw Zin Latt’s Facebook Account 
Photo Crd-Kyaw Zin Latt’s Facebook Account 
Photo Crd-Kyaw Zin Latt’s Facebook Account 

မကြာသေးခင်လပိုင်းလောက်က  ချစ်ရတဲ့သူနဲ့ မင်္ဂလာ  လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့  အခြေအနေတွေမှာလည်း  ဇနီးမောင်နှံနှစ်ယောက်လုံး  ပြည်သူတွေဘက်ကနေ  ရပ်တည်ပေးနေတာကိုလည်း  မြင်တွေ့ရကြမှာပါ။ နိုင်းဝမ်းကတော့ မေလ (၉) ရက်နေ့မှာ မင်္ဂလာဧည့်ခံပွဲကျင်းပဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီးလတ်တလော အခြေအနေမတည်ငြိမ်သေးတာကြောင့် သူ့ရဲ့အိမ်မက်တွေ ပျက်စီးသွားတဲ့ အကြောင်းကို မကြာသေးခင် နာရီပိုင်းလောက်က ပရိသတ်တွေကို ဝမ်းနည်းစွာဖြင့် ရေးသားပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Thein Than Oo Photography
Photo Crd-Thein Than Oo Photography
Photo Crd-YH Photography
Photo Crd-YH Photography

" အမျိုးသားနေ့မှာ မင်္ဂလာလက်မှတ်ထိုးခဲ့ပြီးဖြစ်လို့ ဒီကနေ့ 9th May မှာ မင်္ဂလာဧည့်ခံပွဲကျင်းပကြမယ်ဆိုပြီးစီစဉ်ထားခဲ့တာ...

အခုတော့ ခေတ်ကာလအခြေအနေတွေကြောင့် ဘာပွဲမှလုပ်ချင်စိတ်မရှိတော့လို့အိပ်မက်တွေလဲပျက်စီးကုန်တယ်?

ငါမိန်းမယူတော့မှဘဲ ကပ်တွေမျိုးစုံဆိုက်နေလိုက်???" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ရည်မှန်းထားတဲ့ အိမ်မက်တွေ အမြန်ဆုံး အကောင်ထည်ဖော်နိုင်ပါစေလို့ အားပေးစကားများ ပြောကြားထားကြတာ ဖြစ်ပါတယ်။ မျှော်မှန်းထားကြတဲ့ ရည်မှန်းချက်တွေ အမြန်ဆုံး ဖြစ်မြောက်ဖို့အတွက် အရေးတော်ပုံကြီး အောင်မြင်အောင်  အားလုံးအတူ စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော်။

Source and Photo Crd-Thein Than Oo Photography,YH Photography and Kyaw Zin Latt’s Facebook Account 

Photo Crd-Kyaw Zin Latt’s Facebook Account 
Photo Crd-Kyaw Zin Latt’s Facebook Account 
Photo Crd-Kyaw Zin Latt’s Facebook Account 
Photo Crd-Kyaw Zin Latt’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T