မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့်လည်း လူထုလှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေ ဝှီးချဲနဲ့အမြဲလိုက်ပါတတ်တဲ့ ကိုစိုင်းလှမင်း ဖမ်းဆီးခံရ

//s9.kh1.co/f9/f96b02b922847b6f7f600ffe4b090a3fca2e1398.jpeg
နေ့စဉ်သတင်းများ

 ၁၀-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့်လည်း လူထုလှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေ ဝှီးချဲနဲ့အမြဲလိုက်ပါတတ်တဲ့ ကိုစိုင်းလှမင်း ဖမ်းဆီးခံရ

ဖေဖော်ဝါရီလကတည်းက ပြုလုပ်လာခဲ့ကြတဲ့ လူထုလှုပ်ရှားမှုတွေမှာတော့ လူကြီး၊လူငယ်မရွေး ကိုယ်တတ်နိုင်တဲ့နေရာကနေ ပါဝင်အားဖြည့်နေကြတာပဲဖြစ်ပါတယ်။ဒါ့အပြင် ဘုရားသားတော်တွေဖြစ်တဲ့ ရဟန်း၊သံဃာတွေကလည်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးနေကြတာဖြစ်ပါတယ်။မန္တလေးကသံဃာတော်တွေကတော့မြတောင်သံဃသမဂ္ဂ သပိတ်စစ်ကြောင်းဆိုပြီး နေ့တိုင်းလိုလို လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေကြတာကို တွေ့မြင်နေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မန္တလေး၊မြတောင်သပိတ်စစ်ကြောင်းမှာဆိုရင် ပြည်သူတစ်ဦးက မသန်းစွမ်းတစ်ယောက်ဖြစ်နေတာတောင်စိတ်ဓာတ်အားမာန်အပြည့်ရှိပြီး ဝှီးချဲနဲ့လိုက်ပါလာခဲ့တာဖြစ်ပါတယ်။နေ့တိုင်း ဝှီးချဲနဲ့လိုက်ပါပြီး သပိတ်စစ်ကြောင်းရဲ့ရှေ့ဆုံးမှာ အမြဲတွေ့မြင်နေရတဲ့ ကိုစိုင်းလှမင်းကို ပြည်သူတိုင်းက လေးစားနေကြတာဖြစ်ပါတယ်။ကိုစိုင်းလှမင်းက (၉.၅.၂၀၂၁))တနင်္ဂနွေ နေ့လည်ခင်းမှာတော့ မြတောင်သပိတ်စစ်ကြောင်းမှာ ပါဝင်လှုပ်ရှားခဲ့ပြီးအပြန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သပိတ်စစ်ကြောင်းရှိတိုင်း အမြဲလိုက်လာတတ်တဲ့ ကိုစိုင်းလှမင်းဖမ်းဆီးခံလိုက်ရတာကြောင့် ပြည်သူလူထုကလည်း Speak out များများလုပ်ပေးနေကြတာဖြစ်ပါတယ်။မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့်လည်း ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ ကိုစိုင်းလှမင်းကတော့ အရမ်းလေးစားဖို့ကောင်းတဲ့ ပြည်သူတစ်ဦးပဲဖြစ်ပါတယ်။ပြည်သူတွေက ကိုစိုင်းလှမင်း ဘေးကင်းပါစေဆိုပြီး ဝိုင်းဝန်းဆုတောင်းပေးကာ တတ်နိုင်သလောက်ကူညီပေးနေကြတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T