အသက်ကိုစွန့်လွှတ်ရမယ်ဆိုရင်တောင် နောက်မဆုတ်ဘဲ ရင်ဆိုင်ခဲ့ကြလို့ မေလ(၉)ရက်နေ့မှာ သွေးစွန်းခဲ့ရတဲ့ မြင်းမူမြို့အခြေအနေ

//s9.kh1.co/5c/5cbe2303acfb5063d0dbe45163481ccd1e44ea19.jpeg
နေ့စဉ်သတင်းများ

 ၁၀-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အသက်ကိုစွန့်လွှတ်ရမယ်ဆိုရင်တောင် နောက်မဆုတ်ဘဲ ရင်ဆိုင်ခဲ့ကြလို့ မေလ(၉)ရက်နေ့မှာ သွေးစွန်းခဲ့ရတဲ့ မြင်းမူမြို့အခြေအနေ

အခုရက်ပိုင်းတွေမှာဆိုရင် လူထုလှုပ်ရှားမှုတွေကို မြို့နယ်တိုင်းနီးပါးမှာ အင်တိုက်အားတိုက် ပြန်လည်လုပ်ဆောင်နေကြတာကို တွေ့မြင်နေရတာဖြစ်ပါတယ်။မေလ(၉)ရက်နေ့ကလည်း မြင်းမူမြို့မှာ လူထုလှုပ်ရှားမှုပြုလုပ်ရင်းထိပ်တိုက်ရင်ဆိုင်ကြလို့ ဒဏ်ရာရလူနာတွေနဲ့ ကျဆုံးသူတွေလည်းရှိခဲ့ပါတယ်။မြင်းမူမြို့ကပြည်သူတွေကတော့ရဲစွမ်းသတ္တိအပြည့်ရှိပြီး မိမိရဲ့အသက်ကိုတောင်စွန့်လွှတ်ထားကြလို့ အရမ်းလေးစားဖို့ကောင်းတဲ့ သူရဲကောင်းတွေဖြစ်ကြပါတယ်။          

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

(၉)ရက်နေ့၊နေ့လည်ပိုင်းမှာ မြင်းမူမြို့တွင် လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ လူအုပ်ကြီးကို သေနတ်ကိုးချက်ပစ်ဖောက်ပြီး လူစုခွဲခဲ့ပေမယ့်လည်း ပြည်သူတွေကတော့ လူစုမခွဲဘဲ ဗိုလ်ချုပ်ကျောက်တိုက်အနီးတွင် ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ပစ်ခတ်မှုများဖြစ်ပွါးခဲ့တာကြောင့် ပြည်သူတစ်ဦးဆိုရင် ဒိုင်းကာကိုတောင်ကျည်ဖောက်ပြီး ခါးကိုထိမှန်သွားခဲ့တာဖြစ်ပါတယ်။ကျည်ထိထားတဲ့လူနာကို အိမ်ပြန်ပို့ပြီး လူနာတင်ယာဉ်နဲ့ဆေးရုံပို့ဖို့ ပြင်ဆင်နေတုန်းမှာ လာရောက်ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မြင်းမူဒေသခံတစ်ဦးကပြောပြခဲ့ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မြင်းမူမြို့က တချို့ပြည်သူတွေဆိုရင် အန္တရာယ်တွေကြားထဲကနေတောင် ကြောက်စိတ်ကိုတွန်းလှန်ပြီး ပြန်လည်ရင်ဆိုင်ခဲ့ကြလို့ အရမ်းဂုဏ်ယူစရာကောင်းပါတယ်။လက်ရှိမှာတော့ မြင်းမူမြို့ပေါ်၌ အသွားအလာမရှိဘဲ ဈေးဆိုင်များကိုလည်း ပိတ်ထားတယ်လို့သိရပါတယ်။မေလ(၉)ရက်နေ့မှာ မြင်းမူမြို့တွင် သွေးစွန်းခဲ့လို့ ပြည်သူတွေလည်းများစွာခံစားနာကျင်နေရတာဖြစ်ပါတယ်။အသက်ကိုစွန့်လွှတ်ရမယ်ဆိုရင်တောင် အရမ်းရဲရင့်ကြတဲ့ မြင်းမူမြို့သူ၊မြို့သားတွေရဲ့ ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။   

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T