ပရိသတ်ကြီးရေ.. အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်သလို ပရဟိတအလုပ်တွေကိုလည်း အားကြိုးမာန်တက်လုပ်ဆောင်နေသူကတော့ သရုပ်ဆောင်မင်းသမီးချော ခိုင်နှင်းဝေပဲ ဖြစ်ပါတယ်..။
ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးငယ်လေးတွေအတွက် အားကိုးရာတစ်ခုဖြစ်သလို လိုအပ်နေတဲ့ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် အမြဲဖေးမကူညီကာ လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်နေသူလည်း ဖြစ်ပါတယ်..။
ပရဟိတမင်းသမီးတစ်ယောက်အဖြစ် အားလုံးကအသိအမှတ်ပြု လက်ခံထားကြတဲ့ ခိုင်နှင်းဝေကတော့ အခုတစ်ခါမှာလည်း ခြေတုတပ်ဖို့ လိုအပ်နေတဲ့ (၅)နှစ်သား ကလေးငယ်လေးအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာလည်း တွေ့ရပါတယ်..။
(၁၆) ယောက်မြောက် ခြေတုအလှူဖြစ်တဲ့ ဒီကနေ့အလှူလေးကတော့ မကွေးမြို့နယ် ကျေးရွာလေးက ကလေးငယ်လေးကို လှူဒါန်းခဲ့တာဖြစ်ပြီး ခက်ခဲနေသူတွေအတွက် ကူညီရင်း ကုသိုလ်ယူမေတ္တာပွားနေတဲ့အကြောင်းတွေကိုလည်း ခိုင်နှင်းဝေက ပြောပြထားပါသေးတယ်..။
"(၁၆) ယောက်မြောက် ခြေတု အလှူလေးပါရှင်.. မကွေးမြို့နယ်ဘက် ကျေးရွာလေးက (၅) နှစ်သားငယ်လေး အတွက်ပါ.. လိုအပ် ခက်ခဲနေသူများအား အကူအညီပေးနိုင်ရန် အတွက် ကျွန်မ တတ်နိုင်သလောက် ဆောင်ရွက်ရင်း ကုသိုလ် တရား ပွားများသွားပါမယ်ရှင်..???...." ဆိုပြီး ရေးသားပြောပြထားတာပါ..။
အခက်အခဲတွေနဲ့ လိုအပ်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက် အမြဲဖေးမကူညီတတ်တဲ့ ခိုင်နှင်းဝေရဲ့ အလှူတွေကတော့ တကယ်ကို သာဓုခေါ်စရာလည်း ကောင်းလွန်းပါတယ်..။
သတင်း အရင်းအမြစ်៖ Khine Hnin Wai's Fb Acc