အမေများနေ့မှာ မိခင်ဖြစ်သူအတွက် အမှတ်တရတွေနဲ့ ဆုတောင်းစကားဆိုလာတဲ့ ညိမ်းသော်

//s9.kh1.co/90/90b47356ae46c2ece6932a91baa8eea4732b5f28.jpeg
အနုပညာရှင်များ

 ၀၉-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ကြော်ငြာတွေအပြင် ဇာတ်ကားတွေလည်း ရိုက်ကူးထားပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် လျှောက်လှမ်းနေတဲ့ ညိမ်းသော်ကတော့ လက်ရှိမှာလည်း အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

​ညိမ်းသော်ကတော့  ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လိုအပ်နေသူတွေအတွက် လှူဒါန်းမှုတွေကိုလည်း ပြုလုပ်ကာ တတ်နိုင်သလောက် ဖေးမကူညီနေတာလည်း တွေ့ရပါတယ်..။

Photo Credit - Nyein Thaw's Fb Acc
Photo Credit - Nyein Thaw's Fb Acc
Photo Credit - Nyein Thaw's Fb Acc
Photo Credit - Nyein Thaw's Fb Acc

ညိမ်းသော်ကတော့ ဒီကနေ့မှာကျရောက်လာတဲ့ အမေများနေ့မှာလည်း မိခင်ဖြစ်သူအတွက် အမှတ်တရတွေနဲ့အတူ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ဆုတောင်းစကားတွေ ဆိုလာပါတယ်..။

ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးပြီး ဆုံးဖြတ်ချက်တွေကိုလည်း ဘာတစ်ခုမှ မပိတ်ပင်ဘဲ ယုံကြည်ပေးခဲ့တဲ့ မိခင်ဖြစ်သူကို ကျေးဇူးတင်စကားလေးဆိုကာ အမေများအားလုံးအတွက်လည်း ဆုတောင်းပေးထားတာ ဖြစ်ပါတယ်..။

Photo Credit - Nyein Thaw's Fb Acc
Photo Credit - Nyein Thaw's Fb Acc
Photo Credit - Nyein Thaw's Fb Acc
Photo Credit - Nyein Thaw's Fb Acc

"Happy Mother Day ❤️

ကိုယ်ပိုင် လွပ်လပ်ခွင့်နဲ့ ဆုံးဖြတ်ချက်မှန်သမျှ အရာအားလုံးကို ဘာတစ်ခု မှ မပိတ်ပင် ခဲ့တာအတွက် ကျေးဇူးအများကြီး တင်ပါတယ်??

ကမ္ဘာပေါ်မှာရှိတဲ့ အမေများအားလုံး ကျန်းမာ၊ ဘေးကင်းကြပါစေ???.." ဆိုပြီး ဆုတောင်းစကားဆိုထားတာ ဖြစ်ပါတယ်..။

အမေများနေ့မှာ မိခင်ဖြစ်သူအတွက် ဆုတောင်းစကားတွေနဲ့ အမှတ်တရလေးတွေကို ဝေမျှလာတဲ့ ညိမ်းသော်တို့ သားအမိနှစ်ယောက်ရဲ့ပုံရိပ်တွေကိုလည်း ပရိသတ်တွေက သဘောကျနေကြတာ တွေ့ရပါတယ်..။

Photo Credit - Nyein Thaw's Fb Acc
Photo Credit - Nyein Thaw's Fb Acc
Photo Credit - Nyein Thaw's Fb Acc
Photo Credit - Nyein Thaw's Fb Acc

သတင်း အရင်းအမြစ်Nyein Thaw's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T