အပစ်အခတ်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန္တလေးက ကျောင်းသူကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်း

//s9.kh1.co/ce/ce84d168b4b099c18293d5638eea31be0444d5c8.jpeg
နေ့စဉ်သတင်းများ

 ၀၉-မေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကြီးကတော့ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာပေမယ့် ပြည်သူလူထုကတော့ လူထုလှုပ်ရှားမှုတွေကို နေ့တိုင်းဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။မြို့နယ်အသီးသီးမှာနေထိုင်နေကြတဲ့ ပြည်သူတွေကလည်း လှုပ်ရှားမှုတိုင်းကို စည်းစည်းလုံးလုံးလုပ်ဆောင်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမရင်း ခုခံကာကွယ်ပေးကြတာ ဖြစ်ပါတယ်။နိုင်ငံတကာကလည်း ဒီနေ့အထိ မြန်မာ့အရေးကို စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။

Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader

ဒီရက်ပိုင်းမှာတော့ နွေဦးတော်လှန်ရေးကြီးဟာ ပြန်လည် အသက်ဝင်လာကာ တစ်ရက်ထက်တစ်ရက် ပိုမိုအားကောင်းလာခဲ့တာလည်းဖြစ်ပါတယ်။ရန်ကုန် မန္တလေး အပြင် အခြား မြို့ကြီးတွေရဲ့ လမ်းမတွေထက်မှာ လူငယ်တွေရဲ့ ပုံသဏ္ဌာန် မျိုးစုံနဲ့ချီတက်နေတဲ့ သပိတ်စစ်ကြောင်းတွေကိုတွေ့မြင်ခဲ့ရပါတယ်။လမ်းပေါ်မထွက်နိုင်သူတွေကလည်း မိမိတို့ပတ်ဝန်းကျင်မှာပဲ လှုပ်ရှားနိုင်မယ့် strike တွေကို အင်တိုက်အားတိုက် ပြုလုပ်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြတာပါ။

Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader

မန္တလေးမှာဆိုရင်လည်း နေ့ရက်တိုင်း ရပ်ကွက်အသီးသီးက သပိတ်စစ်ကြောင်းတွေကို တွေ့မြင်ရပါတယ်။ယနေ့ မေလ (၉) ရက်နေ့မှာဆိုရင်လည်း မန္တလေးက ကျောင်းသူကျောင်းသားတွေ စုပေါင်းကာ မိမိတို့ရင်ထဲက ခံစားချက်တွေကို ထုတ်ဖော်ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ ကိုယ်စီကိုင်ဆောင်ရင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။သပိတ်စစ်ကြောင်းအပြီးမှာ အရပ်ဝတ်နဲ့ လာရောက်ပစ်ခတ် ဖြိုခွင်းခံခဲ့ရပေမယ့် လူထိခိုက်မှုမရှိဘဲ အောင်မြင်စွာ လူစုခွဲနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။လူငယ်လေးတွေရဲ့ သတ္တိတွေကတော့ တကယ်လေးစားစရာပါပဲနော်။

Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T