လူငယ်တွေ ဦးဆောင်တဲ့ မိတ္ထီလာမြို့နယ်က ကျောင်းသားလူငယ်များရဲ့ သပိတ်စစ်ကြောင်း

//s9.kh1.co/0a/0abb2ea4cc7276a84cb67fe536ab75368076aae9.jpg
နေ့စဉ်သတင်းများ

 ၀၉-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လူထုလှုပ်ရှားမှုကြီးကတော့ ဖေဖော်ဝါရီလအစ ကတည်းက စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး ပြည်သူတွေကလည်း ယခု မေလအထိတိုင်အောင် အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက် ကြိုးစားလာခဲ့ကြတာ ဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အသက်ပေးသွားရတဲ့ သူရဲကောင်းတွေ က အများအပြား ရှိလာနေပြီ ဖြစ်ပါတယ်။ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သူတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကလည်း အတော်များပြားလာတာ ပဲဖြစ်ပါတယ်။

Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader

ဒါပေမယ့်လည်း ပြည်သူတွေက အခုချိန်ထိ လက်မလျော့ဘဲ ပိုပြီး စည်းလုံးညီညွှတ်စွာနဲ့ အဆုံးထိ ရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။အန္တရယ်တွေကြားထဲကနေ ရဲစွမ်းသတ္တိအပြည့်နဲ့ လူထုလှုပ်ရှားမှုတွေကို နေရာတိုင်းလိုလို တိုင်းရင်းသားပေါင်းစုံ စုပေါင်းကာ ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။လတ်တလော မှာဆိုရင်တော့ ကျောင်းသားလူငယ်များက အာဏာရှင်လက်အောက်က ပညာရေးကို မလိုလားကြောင်း ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။

Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader

ဒီကနေ့ မေလ(၉)ရက်နေ့မှာတော့ မိတ္ထီလာမြို့နယ်က ကျောင်းသားလူငယ်များ (၁၀၀) ဝန်းကျင်လောက်က မနက်ပိုင်းတွင် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မြင်ကွင်းတွေကို ပရိ သတ်တွေ အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပွန်နေကြတဲ့ လူငယ်တွေရဲ့စိတ် ဓာတ်ကတော့ လေးစားစရာပါပဲ.....။မြန်မာပြည်ကြီးလည်း အမြန်ဆုံး အေးချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။???

Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader
Photo Credit- Original Uploader
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T