ယုဇနဥယျာဉ်မြို့တော်မှ စားဝတ်နေရေးခက်ခဲနေကြသောပြည်သူတွေအတွက် လိုအပ်တဲ့စားသောက်ကုန်တွေ လှူခဲ့တဲ့ မမဆောင်း

//s9.kh1.co/ba/ba8f5a12e602370713aab27ad6883b159272a597.jpeg
အနုပညာရှင်များ

 ၀၉-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို  ရိုက်ကူးခဲ့ပြီး  ပရိသတ်တွေရဲ့ အားပေးမှုတွေကို  ရရှိထားသူကတော့   သရုပ်ဆောင်  ဆောင်းအိန္ဒြေထွန်းပဲ  ဖြစ်ပါတယ်။  သူမကို အားလုံးက မမဆောင်းလို့ ချစ်စနိုးခေါ်ဆိုနေကြတာ ဖြစ်ပါတယ်။ မမဆောင်ကတော့  ဆယ်စုနှစ်တစ်ခုတိုင်အောင်  အနုပညာအလုပ်တွေကို  အပတ်တကုတ်ကြိုးစားလုပ်ကိုင်ခဲ့သူ  တစ်ယောက်လည်း  ဖြစ်ပါတယ်။

Photo Crd-Ma Ma Saung’s Facebook Account 

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စားဝတ်နေရေး မပြေလည်ကြသူများအား  သူမရှာဖွေထားတဲ့ချွေးနည်းစာများဖြင့် လိုအပ်တဲ့ စားနပ်ရိက္ခာများ လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ အခုလို ကုသိုလ်ကောင်းမှုတွေ အမြဲပြုလုပ်နေတဲ့ မမဆောင်းရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးကို ပရိသတ်အားလုံးက ချီးကျူးနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ယုဇနဥယျာဉ်မြို့တော်မှပြည်သူတွေအတွက် လိုအပ်တဲ့ စားသောက်ကုန်တွေ လှူနေတဲ့ ဗီဒီယိုဖိုင်တင်ထားတာ ဖြစ်ပါတယ်။

Photo Crd-Ma Ma Saung’s Facebook Account 
Photo Crd-Ma Ma Saung’s Facebook Account 
Photo Crd-Ma Ma Saung’s Facebook Account 
Photo Crd-Ma Ma Saung’s Facebook Account 

ပရိသတ်တွေကလည်း  ဒီပို့စ်အောက်မှာ မမဆောင်းရဲ့ လှူဒါန်းမှုအစုစုအတွက် သာဓုခေါ်ဆိုနေကြတာ ဖြစ်ပါတယ်။ပြည်သူတွေအချင်းချင်း အခုလို ရိုင်းပင်းကူညီနေကြတာကို မြင်တွေ့ရသည်မှာ ကြည်နူးစရာကောင်းလှပါတယ်။  မမဆောင်းတစ်ယောက်လည်း  ဒီ့ထက်မက အလှူအတန်းတွေ များစွာ ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးရင်းနဲ့ ဒီဗီဒီယိုဖိုင်လေးကိုပါ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Ma Ma Saung’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T