ပြည်သူလူထုကတော့ အခုအချိန်မှာ ဘယ်သူ့ကိုမဆို မေတ္တာတရား လက်ကိုင်ထားကာ လူသားအချင်းချင်းစာနာ ထောက်ထားပြီး တစ်ယောက်ကို တစ်ယောက် အားပေး ကူညီဖေးမနေ တာ ဖြစ်ပါတယ်။ဒီလိုကာလမှာ ပြည်သူလူထုက ကိုယ်တိုင် အခက်အခဲနဲ့ ကြုံတွေ့နေရပေမယ့်လည်း မိမိတို့မှာ ရှိသလောက် အင်အားလေးနဲ့ တစ်ပါးသူ အပေါ် စေတနာထားနေကြတာ ဖြစ်ပါတယ်။လက်လုပ်လက်စား ပြည်သူတွေနဲ့ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေက လက်ရှိမှာ အရမ်းကို ကြပ်တည်းနေကြတာ ဖြစ်ပါတယ်။
အခုလိုမျိုး ခက်ခဲနေကြတဲ့ အချိန်မှာ သရုပ် ဆောင် ခိုင်နှင်းဝေကတော့ သူမနိုင်သလောက် လိုက်လံ လှူဒါန်းမှုတွေ ပြုလုပ်နေတာ ကိုလည်း တွေ့ရပါတယ်။ဒါ့အပြင် သူမက ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာကို တည်ထောင်ထားပြီး ကလေးငယ်များကို မေတ္တာအပြည့်နဲ့ ပြုစု ထိန်းသိမ်း စောင့်ရှောက်ပေး နေတာ ဖြစ်ပါတယ်။မကြာသေးခင် အချိန်ကတော့ သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် လှိုင်သာယာမှာ ဆန်အလှူပြုလုပ်ခဲ့တာကို ပြောပြပေးလာတာ ဖြစ်ပါတယ်။
"ကျွန်မရဲ့ လှိုင်သာယာ ရှိ "ခိုင်မီးအိမ်" စာကြည့်တိုက် မှာ တစ်ဦးလျှင် ဆန် (၅)ပြည်စီ အယောက် (၅၀) စာ လှုဒါန်းခဲ့ပါတယ်ရှင်..ကျွန်မ နဲ့ အတူ ပိုလို့ လှူတာ မဟုတ်ပဲ လှူချင်လို့ ပိုပေးကြတဲ့ အလှူရှင်များ နှင့် ခုနှစ်ရက် သားသမီးများ အားလုံး ထပ်တူ ကုသိုလ် ပွားများနိုင်ကြပါစေ ရှင်..???...."ဆိုတဲ့ စာသားနဲ့အတူ ကုသိုလ်ပြု လှူဒါန်းနေတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း ခိုင်နှင်းဝေရဲ့ အလှူကို သာဓုခေါ်နိုင်အောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Khine Hnin Wai FB Account