ခါးကနေ ကျည်ဖောက်ထွက်ထားလို့ ချိုင်းထောက်နဲ့နေနေရပြီး အလုပ်ကလည်းနားထားရတာကြောင့် ဆေးဖိုးလိုအပ်နေရှာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/a1/a1a747976b62209a612a4ac67a7d4cd835e77e19.jpg
နေ့စဉ်သတင်းများ

 ၀၉-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ခါးကနေ ကျည်ဖောက်ထွက်ထားလို့ ချိုင်းထောက်နဲ့နေနေရပြီး အလုပ်ကလည်းနားထားရတာကြောင့် ဆေးဖိုးလိုအပ်နေရှာတဲ့ ပြည်သူတစ်ဦး

ပြည်သူတွေကတော့ လူထုလှုပ်ရှားမှုတွေကို နေ့စဥ်မပျက်မကွက် ပြုလုပ်ကြပြီး ရောက်ရာနေရာကနေ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ် ။ အဲ့ဒီပြည်သူတွေထဲက တစ်ချို့ကတော့ ကျည်ထိမှန်ပြီး ကျဆုံးခဲ့ရသလို တစ်ချို့ကလည်း အသက်မသေခဲ့ပေမယ့် ဝေဒနာတွေကို ဆက်လက်ခံစားနေရတာ ဖြစ်ပါတယ် ။ လှိုင်သာယာမြို့နယ်က ပြည်သူတစ်ဦးကလည်း ကျည်မှန်ထားတဲ့ဒဏ်ရာကြောင့် ဆေးကုသမှုခံယူဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

သူကတော့ လှိုင်သာယာမြို့နယ်မှာ ပစ်ဖောက်ဖြိုခွင်းမှုတွေ စတင်ဖြစ်ပေါ်ခဲ့တဲ့အချိန်တုန်းက ပေါင်ကိုကျည်ထိမှန်ခဲ့တဲ့ အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ် ။ ကျည်က ခါးကိုဖောက်ထွက်သွားတာကြောင့် အခုဆိုရင် သူ့ခမျာ ချိုင်းထောက်နဲ့နေနေရတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ သူ့ရဲ့အလုပ်က လစာမဲ့ခွင့်နဲ့ နားထားရသလို မိန်းမဖြစ်သူရဲ့စက်ရုံကလည်း မီးရှို့ခံရတဲ့အထဲပါသွားတာကြောင့် ဆေးကုသဖို့အတွက် အခက်အခဲဖြစ်နေရှာတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီအကြောင်းကို ကြားသိရတဲ့ စေတနာရှင်ပြည်သူတစ်ဦးက သူ့အတွက် ကိုယ်စားအလှူခံပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ လက်ဘက်ရည်ဖိုး၊ မုန့်ဖိုးလောက်ပဲ တတ်နိုင်ရင်လည်း ရသလောက်ပါဝင်လှူဒါန်းပေးနိုင်ကြောင်း အလှူခံတဲ့သူက တိုက်တွန်းနှိုးဆော်ထားတာ ဖြစ်ပါတယ် ။ ကျည်ထိမှန်ထားလို့ ဆေးဖိုးလိုအပ်နေရှာတဲ့ လှိုင်သာယာမြို့နယ်က ပြည်သူတစ်ဦးရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T