နေ့လည်(၁၂)ကျော်အထိ စျေးဦးမပေါက်သေးလို့ စိတ်ညစ်နေတဲ့အဘွားကို သစ်သီးတွေအများကြီးဝယ်ယူပြီးအားပေးလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/7e/7ed2e9f3c28a9b06a8c2f3f4a4f8e69630214c73.jpeg
နေ့စဉ်သတင်းများ

 ၀၉-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

နေ့လည်(၁၂)ကျော်အထိ စျေးဦးမပေါက်သေးလို့ စိတ်ညစ်နေတဲ့အဘွားကို သစ်သီးတွေအများကြီးဝယ်ယူပြီးအားပေးလိုက်တဲ့ ပြည်သူတစ်ဦး

တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ပြည်သူတချို့ကတော့ ဒီလိုကာလကြီးမှာ လမ်းပေါ်ထွက်ပြီး စျေးရောင်းနေတာတောင် စားဝတ်နေရေးအဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင် ပြည်သူတိုင်းနီးပါးက ဝင်ငွေနည်းပါးနေတာကြောင့် ထွက်ငွေကိုလည်း ချင့်ချိန်သုံးစွဲနေကြတာဖြစ်ပါတယ်။ဒါပေမယ့်လည်း အလှူအတန်းရက်ရောတဲ့မြန်မာလူမျိုးတွေကတော့ ခက်ခဲကြပ်တည်းနေသူတွေကို တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ အသက်(၇၀)ကျော်ဝန်းကျင် အဘွားတစ်ယောက်က သိမ်ကြီးစျေးနား ဂမုန်းပွင့်မျက်စောင်းထိုး SP Plastic ဆိုင်ဘေးမှာ သစ်သီးတွေရောင်းချနေတာဖြစ်ပါတယ်။အခုလိုပူပြင်းတဲ့ရာသီဥတုမှာ ထီးလေးမိုးပြီး စျေးရောင်းနေရရှာတဲ့ အဘွားကို စေတနာရှင်တစ်ဦးက တွေ့သွားပြီး အသီးတွေအများကြီးဝယ်ယူအားပေးလိုက်တာဖြစ်ပါတယ်။အဘွားကတော့ နေ့လည်(၁၂)ကျော်အထိ စျေးဦးမပေါက်သေးလို့ စိတ်ညစ်နေတဲ့အချိန်မှာ အခုလိုရောင်းလိုက်ရတော့ ဝမ်းသာပျော်ရွှင်နေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စေတနာရှင်ပြည်သူက အဘွားရဲ့သစ်သီးတွေကို ဝယ်ယူအားပေးတဲ့အပြင် အဘွားစားဖို့အတွက် ငါးမုန့်ကြော်တွေလည်း လက်ဆောင်ပေးခဲ့သေးတာဖြစ်ပါတယ်။အဘွားကတော့ အရမ်းစေတနာကောင်းတဲ့လူငယ်လေးကို သစ်သီးတွေပိုထည့်ပေးလိုက်တာဖြစ်ပါတယ်။လူငယ်လေးကလည်း သူငယ်ချင်းတွေကို ဘွားဘွားကြီးဆိုင်မှာဝယ်ဖို့ကြော်ငြာပေးမယ်ဆိုပြီး ခွင့်တောင်းကာ အတူတူဓာတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။ပြည်သူတွေလည်း သိမ်ကြီးစျေးနားရောက်ခဲ့ရင် အဘွားဆီမှာအားပေးဝယ်ယူကြပါဦးလို့ မေတ္တာရပ်ခံရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။          

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T