ပြည်သူတွေရဲ့စေတနာကြောင့် စျေးအရင်းပြန်ရသွားပြီး သစ်သီးလေးတွေရောင်းချကာ သမာအာဇီဝကျစွာလုပ်ကိုင်စားသောက်နေတဲ့ အဘွားတစ်ဦး

//s9.kh1.co/82/8268c126dd6e2e861376b72fdb0822637e2093f7.jpeg
နေ့စဉ်သတင်းများ

 ၀၉-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေရဲ့စေတနာကြောင့် စျေးအရင်းပြန်ရသွားပြီး သစ်သီးလေးတွေရောင်းချကာ သမာအာဇီဝကျစွာလုပ်ကိုင်စားသောက်နေတဲ့ အဘွားတစ်ဦး

ပြည်သူလူထုကတော့ အခုချိန်မှာဆိုရင် စေတနာ၊သဒ္ဓါတရားတွေပိုနေကြပြီး စိတ်သဘောထားလည်းပြည့်ဝနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း လက်ရှိအခြေအနေမှာတောင် မိမိတို့မှာရှိတာလေးတွေနဲ့ တတ်နိုင်သလောက်အလှူဒါနတွေပြုလုပ်နေတာကိုလည်း တွေ့မြင်ရပါတယ်။လောကဓံတရားကြောင့် မနည်းရုန်းကန်နေရတဲ့သက်ကြီးရွယ်အိုတွေကိုလည်း လူငယ်တွေက ကြင်ကြင်နာနာနဲ့ဖေးမပေးပြီး ပြည်သူတွေစုပေါင်းအားနဲ့ကူညီရအောင်လို့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မကြာသေးခင်ရက်ပိုင်းကလည်း စျေးအရင်းမရှိတော့လို့ အသောကစျေးဘက်မှာအလှူခံနေရတဲ့ အဘွားတစ်ယောက်အကြောင်းကို ပြည်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာပေါ် တင်ပေးလာတာဖြစ်ပါတယ်။အဘွားကလည်း “မျက်နှာမြင်၊ချစ်ခင်ပါစေ”ဆိုတဲ့အတိုင်း အဘွားရဲ့ပြုံးချိုနေတဲ့မျက်နှာလေးကို ပြည်သူတွေကတွေ့မြင်ပြီးအလှူငွေတွေဝိုင်းဝန်းလှူဒါန်းကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ အဘွားက စျေးအရင်းပြန်ရသွားလို့ သစ်သီးလေးတွေကို ပြန်ရောင်းနေပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စေတနာရှင်ပြည်သူတစ်ဦးကလည်း အဘွားကို ဟိုးအရင်ကတည်းကတွေ့မြင်ဖူးနေတာကြောင့် အဘွားအတွက်အလှူငွေတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့သေးတာဖြစ်ပါတယ်။အဘွားကတော့ အသက်အရွယ်ကြီးရင့်နေပေမယ့်လည်း ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နေတာဖြစ်လို့ အရမ်းလေးစားဖို့ကောင်းပါတယ်။နောက်ထပ်​စေတနာရှင်တွေလည်း အဘွားကိုစာနာပြီး ကူညီလှူဒါန်းချင်ရင် (09795129345)ကို ဆက်သွယ်လို့ရကြောင်းပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T