Miss Universe 2021 ပွဲရဲ့ဒုတိယမြောက်နေ့မှာ အားလုံးမင်သက်သွားစေတဲ့ ဝတ်စုံနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ Miss Universe Myanmar သူဇာဝင့်လွင်

//s9.kh1.co/e1/e187b1ed79f4bd66a3c4b32230b4e6e117f9d2f0.png
အနုပညာရှင်များ

 ၀၈-မေ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

Miss Universe Myanmar 2020 ရဲ့ winner ဆုရှင် သူဇာဝင့်လွင်ဟာ နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ဖို့ အမေရိကန်နိုင်ငံမှာကျင်းပတဲ့ Miss Universe 2021 ပွဲမှာ နိုင်ငံတကာ အလှမယ်တွေနဲ့ယှဉ်ပြီး သွားရောက်ယှဉ်ပြိုင်နေပြီပဲဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ဒုတိယနေ့မှာ Candy ဝတ်ဆင်ခဲ့တဲ့ အလှပဆုံး ဝတ်စုံအတွဲအစပ်လေးကို ဒီဇိုင်းလှလှလေးတွေ ဖန်တီးတတ်တဲ့ ဒီဇိုင်နာကောင်းမြတ်က ချုပ်လုပ်ပေးထားပြီး ဒီဝတ်စုံဟာ သူ့ရဲ့ latest collection ထဲမှဝတ်စုံတစ်စုံဖြစ်သလို အလှမယ်သူဇာဝင့်လွင်နဲ့လည်း အတော်လေးကို လိုက်ဖက်တဲ့ဝတ်စုံပါ။ ကမ္ဘာမှာ မြန်မာဆိုပြီး မျက်နှာမငယ်ရအောင် အပြည့်အဝကြိုးစားသူလေးအတွက်လည်း အကောင်းဆုံးပံ့ပိုးသူတွေက အဆင်သင့်ရှိနေကြပါတယ်။

Photo Credit - Designer Kaung Myat's FB Acc
Photo Credit - Designer Kaung Myat's FB Acc
Photo Credit - Designer Kaung Myat's FB Acc
Photo Credit - Designer Kaung Myat's FB Acc

မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း May ရော Candy ပါ အတူတူပါဝင်ခဲ့ကြပါတယ်။ ချစ်ရတဲ့ညီမလေးက Miss Universe Myanmar 2020 ရဲ့ winner ဆုရှင်ဖြစ်ခဲ့စဉ်က မေတစ်ယောက် အရမ်းကိုပျော်ပြီး ညီမလေးဆီကိုအပြေးသွားကာ ဖေဖေနဲ့မေမေ ဂုဏ်ယူရအောင် ညီအမနှစ်ယောက် ပျော်စရာအမှတ်တရပုံလေးလည်း ရိုက်ခဲ့ပါသေးတယ်။ Miss တစ်ယောက်အနေနဲ့ သူမဟာ အမျိုးသမီးတွေကို အမာရွတ်နဲ့ပတ်သက်ပြီး ရှက်ကြောက်မနေစေဖို့ သူမရဲ့အတွေ့အကြုံနဲ့ယှဉ်ပြီး အသိပညာပေးပြောပြခဲ့ပါသေးတယ်။ Miss တစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့အရည်အချင်းတွေ အပြည့်အဝရှိနေသူမို့ ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ကိုဆောင်နိုင်မယ်ဆိုတာ ဆိုဖွယ်ရာမရှိတော့ပါဘူး။

Photo Credit - Designer Kaung Myat's FB Acc
Photo Credit - Designer Kaung Myat's FB Acc
Photo Credit - Designer Kaung Myat's FB Acc
Photo Credit - Designer Kaung Myat's FB Acc

ပြိုင်ပွဲဒုတိယနေ့မှာဝတ်ဆင်ခဲ့တဲ့ သူမရဲ့ဝတ်စုံလေးကို ဖန်တီးသူဒီဇိုင်နာကောင်းမြတ်က ဝတ်စုံလေးနဲ့အရမ်းလှနေတဲ့ Candy ရဲ့ ပုံရိပ်တစ်ချို့ကို " “နိုင်ငံဂုဏ်ဆောင် အလှမယ် Miss Universe Myanmar 2020 သူဇာဝင့်လွင့်ဟာ အမေရိကန်နိုင်ငံမှာ နိုင်ငံတကာအလှမယ်များနဲ့ ရင်ပေါင်တန်းပြီး ပြိုင်ပွဲကြီးမှာပါဝင်ယှဉ်ပြိုင်နေပါပြီနော် ပြိုင်ပွဲရဲ့ ဒုတိယမြောက်နေ့မှာ ညီမလေး Candy ဝတ်ဆင်ထားတဲ့ ဝတ်စုံအတွဲအစပ်လေးကတော့ ကျွန်တော့်ရဲ့ latest collection ထဲမှဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ မြန်မာ့အလှမယ်လေးကို အတူတကွအားပေးလိုက်ကြရအောင် နော် ” ? " ဆိုပြီး ဝေမျှခဲ့ပါတယ်။ Miss Universe 2021 ရဲ့ Winner ဆုရှင်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Designer Kaung Myat's FB Acc
Photo Credit - Designer Kaung Myat's FB Acc

သတင်း အရင်းအမြစ်Designer Kaung Myat's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T