ရင်ဘတ်ကိုကျည်မှန်ပြီး ဖောက်ထွက်သွားတဲ့ဒဏ်ရာကြောင့် လက်မလှုပ်ရှားနိုင်တော့ဘဲ ဆေးကုသဖို့လိုအပ်နေတဲ့ ကောင်လေးတစ်ယောက်

//s9.kh1.co/61/61348cef28674385b22aa7e16bc6874d8c064734.jpg
နေ့စဉ်သတင်းများ

 ၀၈-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ရင်ဘတ်ကိုကျည်မှန်ပြီး ဖောက်ထွက်သွားတဲ့ဒဏ်ရာကြောင့် လက်မလှုပ်ရှားနိုင်တော့ဘဲ ဆေးကုသဖို့လိုအပ်နေတဲ့ ကောင်လေးတစ်ယောက်

လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကတော့ သူတို့ရဲ့အသက်ကိုရင်းပြီး အခက်အခဲ အတားအဆီးတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေရတာ ဖြစ်ပါတယ် ။ အထူးသဖြင့် ငယ်ရွယ်သေးတဲ့ လူငယ်တွေခမျာ သူတို့ရဲ့အနာဂတ်မျှော်လင့်ချက် အိပ်မက်တွေအတွက် စွန့်စွန့်စားစား ပါဝင်လှုပ်ရှားနေရတာပဲ ဖြစ်ပါတယ် ။ အခုလည်း လူငယ်လေးတစ်ယောက်က ကျည်မှန်တဲ့ဒဏ်ရာကြောင့် လက်မလှုပ်ရှားနိုင်တော့တာပဲ ဖြစ်ပါတယ်။

Photo Credit-Roselin Ei's FB Acc
Photo Credit-Roselin Ei's FB Acc

အသက် (၁၇) နှစ်အရွယ်သာရှိသေးတဲ့ ဒီလူငယ်လေးက ဘယ်ဘက်ရင်ဘတ်ကို ကျည်ထိမှန်ခဲ့ပေမယ့်လည်း ဖောက်ထွက်သွားတာကြောင့် အသက်မသေခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း အဲ့ဒီဒဏ်ရာကြောင့် အခုဆိုရင် သူ့ရဲ့လက်က မြှောက်မရ ကွေးမရတော့ဘဲ မလှုပ်ရှားနိုင်တော့တဲ့ အခြေအနေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ် ။ ဆေးကုသမှုပြုလုပ်ဖို့အတွက် ငွေအများကြီးကုန်ကျနိုင်တာကြောင့် သူ့ခမျာ အကူအညီလိုအပ်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Roselin Ei's FB Acc
Photo Credit-Roselin Ei's FB Acc
Photo Credit-Roselin Ei's FB Acc
Photo Credit-Roselin Ei's FB Acc

စေတနာရှင် ပြည်သူတစ်ဦးကတော့ ဒီကောင်လေးရဲ့အကြောင်းကိုပြောပြပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ အကူအညီတောင်းခံထားတာ ဖြစ်ပါတယ် ။ အသက် (၁၇) နှစ်အရွယ်သာရှိသေးတဲ့ ဒီကောင်လေးက ရှေ့ဆက်ပြီး အလုပ်လုပ်တွေအများကြီးလုပ်ရဦးမှာဖြစ်တာကြောင့် သူ့ရဲ့လက်ကို ခွဲစိတ်ကုသပေးဖို့ မဖြစ်မနေ လိုအပ်နေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် တစ်ဦးချင်းစီ တတ်နိုင်သလောက် ဖေးမကူညီပေးကြဖို့အတွက် စေတနာရှင်တွေက တောင်းဆိုထားတာ ဖြစ်ပါတယ် ။

Source & Photo Credit-Roselin Ei's FB Acc

Photo Credit-Roselin Ei's FB Acc
Photo Credit-Roselin Ei's FB Acc
Photo Credit-Roselin Ei's FB Acc
Photo Credit-Roselin Ei's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T