မေလ(၈)ရက်နေ့၊ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောင်းသား၊ကျောင်းသူများက အဖြူ၊အစိမ်းဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်နေကြတဲ့ပုံရိပ်များ

//s9.kh1.co/d9/d92070de88e867aa13108f0e0c4510dc8628626f.jpeg
နေ့စဉ်သတင်းများ

 ၀၈-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မေလ(၈)ရက်နေ့၊ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောင်းသား၊ကျောင်းသူများက အဖြူ၊အစိမ်းဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်နေကြတဲ့ပုံရိပ်များ

ယနေ့အပါအဝင် ရက်ပေါင်း (၉၇)ရက်ကြာမြင့်သွားပြီဖြစ်တဲ့ လက်ရှိအခြေအနေကို ပြည်သူတိုင်းနီးပါးက မိမိတို့ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသလောက် ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ဒီကာလမှာဆိုရင် Gen X,Y,Zတွေအပြင်မျိုးဆက်သစ်ကလေးငယ်လေးတွေကပါ နိုင်ရာဝန်ကိုမျှထမ်းပြီး ရောင်နီသာတဲ့နေ့ရက်တွေဆီရောက်အောင်လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။ဒီရက်ပိုင်းတွေမှာတော့ ပြည်သူတွေက တဖန်ပြန်လည်အားကောင်းလာတဲ့လူထုလှုပ်ရှားမှုတွေကို နေ့ညမရွေးဆောင်ရွက်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီနေ့ မေလ(၈)ရက်နေ့မှာဆိုရင်တော့ အင်အားအများအပြားနဲ့ လူထုလှုပ်ရှားမှုပြုလုပ်နေကြတာကို မြို့နယ်အနှံ့အပြားမှာတွေ့နေရတာဖြစ်ပါတယ်။ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကလည်း တစ်ထောင့်တစ်နေရာကနေပါဝင်အားဖြည့်ပေးနေကြတာဖြစ်ပါတယ်။အဲ့ဒီပွဲမှာဆိုရင် ကျောင်းတက်နေတဲ့အရွယ် ကလေးငယ်လေးတွေကအစ ကျောင်းဝတ်စုံကိုဝတ်ဆင်ပြီး ဆိုင်းဘုတ်လေးတွေကိုင်ကာ ဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကလေးငယ်လေးတွေကတော့ သူတို့ရဲ့အနာဂတ်လေးလှပဖို့အတွက် ရှိတဲ့အင်အားလေးနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။တစ်ရက်ပြီးတစ်ရက်ကြာမြင့်လာပြီဖြစ်တဲ့ ဒီအခြေအနေကို ကလေး၊လူကြီး၊လူငယ်မရွေး ကြုံတွေ့နေရတာဖြစ်လို့ပြည်သူတွေအကုန်လုံးက စုပေါင်းအားနဲ့ရင်ဆိုင်ဖြေရှင်းနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ဒီနေ့မှာ ဖားကန့်မြို့နယ်ရဲ့ လူထုလှုပ်ရှားမှုပုံရိပ်တချို့ကို ပြည်သူတွေအားလုံးတွေ့မြင်အောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T