ခါးကုန်းကုန်းနဲ့ မုန့်ဖက်ထုပ်တောင်းကြီးကိုထမ်းပြီး နေပူပူ၊မိုးရွာရွာ ခြေတိုအောင်လျှောက်ရောင်းနေရတဲ့ အဘိုးတစ်ဦး

//s9.kh1.co/2a/2a7a96b1f0ec92d8de69022e8ca50991c5aaf70d.jpeg
နေ့စဉ်သတင်းများ

 ၀၈-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ခါးကုန်းကုန်းနဲ့ မုန့်ဖက်ထုပ်တောင်းကြီးကိုထမ်းပြီး နေပူပူ၊မိုးရွာရွာ ခြေတိုအောင်လျှောက်ရောင်းနေရတဲ့ အဘိုးတစ်ဦး

အခုချိန်မှာဆိုရင် စီးပွါးရေးတွေပုံမှန်ပြန်မလည်ပတ်ကြသေးပေမယ့် ပြည်သူတွေကတော့ စုဆောင်းထားတာလေးတွေနဲ့သာ စားသောက်နေထိုင်ပြီး အလှူအတန်းတွေလည်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။လက်လုပ်လက်စားပြည်သူတွေကတော့ တစ်နေ့တာစားဝတ်နေရေးအဆင်ပြေဖို့အတွက် အန္တရာယ်တွေကြားထဲကနေ လမ်းပေါ်ထွက်ပြီး စျေးရောင်းနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း အဘိုးတစ်ဦးက ဟိုးအရင်အချိန်ကတည်းက ရပ်ကွက်တွေထဲပတ်ပြီး မုန့်ဖက်ထုပ်ရောင်းကာ ဝမ်းရေးအတွက်ရှာဖွေနေတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒီအဘိုးက အန္တရာယ်များနေတဲ့ ဒီကာလမှာတောင် တောင်းကြီးထမ်းပြီး မုန့်ဖက်ထုပ်ရောင်းချနေဆဲဖြစ်ပါတယ်။ပင်ပင်ပန်းပန်းနဲ့ ရုန်းကန်နေရတဲ့ အဘိုးကို ပြည်သူတစ်ဦးကတွေ့မြင်ပြီး အရမ်းကိုယ်ချင်းစာလို့ ကူညီပေးဖို့အတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာတာဖြစ်ပါတယ်။အဘိုးမှာ ဇနီးနဲ့မြေးလေးတွေလည်းရှိပြီး တစ်မိသားစုလုံးက မုန့်ဖက်ထုပ်ရောင်းကြတယ်လို့သိရပါတယ်။အဘိုးတို့တစ်မိသားစုလုံးက အရမ်းခက်ခဲနေပေမယ့်လည်း ဘယ်သူ့ကိုမှ အကူအညီမတောင်းဘဲ ကိုယ့်အားကိုယ်ကိုးနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စေတနာရှင်ပြည်သူကတော့ အဘိုးကို လစဉ်ထောက်ပံ့ပေးဖို့စီစဉ်ထားပြီး လူနည်းစုနဲ့ဆိုရင် အများကြီးမတတ်နိုင်တာကြောင့်”၂၀၀ လှူနိုင်လည်း ၂၀၀ လှူနိုင်သလို ၁၀၀၀ လှူနိုင်လည်း ၁၀၀၀ လှူလို့ရပါတယ်”ဆိုပြီး တိုက်တွန်းနှိုးဆော်လာတာဖြစ်ပါတယ်။အဘိုးခမျာ ခါးကုန်းကုန်းနဲ့ မုန့်ဖက်ထုပ်တောင်းကြီးထမ်းပြီး နေပူပူ၊မိုးရွာရွာ လျှောက်ရောင်းနေရတာဖြစ်လို့ ပြည်သူတွေလည်း ကူညီချင်တယ်ဆိုရင် (Hands For Hands Page)ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပြန်လည်မျှဝေပေးလိုက်ပါရစေ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T