အောင်မြင်စွာ ဆန္ဒထုတ်ဖော်နိုင်ခဲ့တဲ့ ထားဝယ်မြို့က အာရုဏ်ဦး သပိတ်စစ်ကြောင်း

//s9.kh1.co/60/60edfe6cf2c396d653d092182e935bb20ead655b.jpg
နေ့စဉ်သတင်းများ

 ၀၈-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ယနေ့ မေလ ၈ ရက်နေ့ နံနက်ပိုင်းမှာတော့ ထားဝယ်မြို့နယ်မှာ အာရုဏ်ဦး သပိတ်စစ်ကြောင်း တစ်ခု ထွက်ရှိခဲ့တယ်လို့ သိရပါတယ် ။ဒီသပိတ်စစ်ကြောင်း အတွင်းမှာတော့ ထားဝယ် အင်ဂျင်နီယာများစစ်ကြောင်း ၊ ပညာရေးစစ်ကြောင်း ၊ LGBT ထောက်ခံတဲ့ သူတွေပါဝင်ပါတယ်။ဒါ့အပြင် တက္ကသိုလ် ကျောင်းသား ၊ ကျောင်းသူတွေ ၊ ဆရာ ဆရာမတွေနဲ့ ပြည်သူ ပြည်သားတွေပါ ပါဝင်တယ်လို့လည်း သိရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

ဒီသပိတ်စစ်ကြောင်းဟာ နေမထွက်ခင် အာရုဏ်ဦးထဲက ချီတက်ခဲ့တာဖြစ်သလို လက်ထဲမှာလည်း ဖယောင်းတိုင်မီးလေးတွေကိုင်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

ဒါ့အပြင် တပ်ဦးအလံကို လွှင့်ထူကာ ကြွေးကျော်သံတွေ သံပြိုင်ဟစ်ကြွေးပြီး လမ်း​လျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသလို စစ်ကြောင်းချီတက်ရာ လမ်းတစ်လျှောက်မှာရှိတဲ့ ပြည်သူတွေကလည်း ထောက်ခံအားပေးခဲ့တယ်လို့ သိရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

လူဦးရေ ရာနဲ့ချီတဲ့ ဒီသပိတ်စစ်ကြောင်းဟာ ထားဝယ်မြို့က လမ်းတွေထဲမှာ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် အောင်မြင်စွာလူစုခွဲနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ယနေ့ မေလ ၈ ရက်နေ့ မြန်မာတစ်နိုင်ငံလုံးက မြို့နယ်တော်တော်များများမှာလည်း အမျိုးမျိုးသော ပုံစံတွေနဲ့ ဆန္ဒထုတ်ဖော်နေကြပြီး အာဏာရှင်ကို တွန်းလှန်နေကြတာတွေ့ရပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
https://s9.kh1.co/__image/w=650,h=488,q=100/e2/e278d27a74efed5eb98208ca422a0888951b9c2b.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T