ရင်ဘက်ကျည်ထိမှန်တဲ့ အန်တီဆီအလှူငွေ၊လိုအပ်တဲ့ ပစ္စည်းနဲ့စားသောက်ကုန်တွေကို သွားရောက် လှူဒါန်းခဲ့တဲ့ မီးနို

//s9.kh1.co/67/673fea1dbe1ea76b10a64502d9d58ff99c8197a7.jpg
အနုပညာရှင်များ

 ၀၈-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

အသံချိုချိုလေးနဲ့ သီချင်းကောင်းတွေကို သီဆိုလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေကို ရရှိထားတဲ့ သူကတော့ အမျိုးသမီး တေးသံရှင် မီးနို ဖြစ်ပါတယ်။ဖေဖော်ဝါရီလ အစကတည်း မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကြောင့် လူထုလှုပ်ရှားမှုတွေမှာ အားလုံးနဲ့ အတူ ပါဝင်ရပ်တည်နေသလို တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ကာ ပြည်သူတွေနဲ့ အတူ အားဖြည့်ပါဝင်နေသူ ပဲဖြစ်ပါတယ်။

Photo Credit-Mee No FB page
Photo Credit-Mee No FB page
Photo Credit-Mee No FB page
Photo Credit-Mee No FB page

လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း မမျှော်လင့်ဘဲ ကျဆုံးသွားရတဲ့ အာဇာနည် သူရဲကောင်းတွေရဲ့ မိသားစု အတွက်လှူဒါန်းမှုတွေ ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။အခုလို ကာလမှာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ အတွက် သူငယ်ချင်းမိတ်ဆွေ အလှူရှင်တွေနဲ့ စုပေါင်းကာ ကိုယ်တိုင် သွားရောက်လှူဒါန်း ကုသိုလ်ပြုနေတာ ပဲဖြစ်ပါတယ်။မကြာသေးခင် အချိန်က သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် ရင်ဘက်ကျည်ထိမှန်တဲ့ အန်တီဆီကို အလှူငွေ၊လိုအပ်တဲ့ ပစ္စည်းနဲ့ စားသောက်ကုန်တွေကို လှူဒါန်းခဲ့ကြောင်းကို မျှဝေပေးလာတာ ဖြစ်ပါတယ်။

Photo Credit-Mee No FB page
Photo Credit-Mee No FB page
Photo Credit-Mee No FB page
Photo Credit-Mee No FB page

"မီးနို အရမ်းသွားထပ်လှူချင်နေတဲ့ ရင်ဘက်ကျည်ထိမှန် အန်တီဆီ သွားရောက်လှူတန်းပြီးပါပြီ..အန်တီက လှဲအိပ်လို့မရတော့ အန်တီအတွက်လိုအပ်တဲ့ Dream bed, ခေါင်းအုံး, ပန်ကာ, ငွေသား ၁သိန်း ၈သောင်း နဲ့ အခြေခံစားသောက်ကုန်တွေကို သွားရောက်ပြီး ထပ်လှူခဲ့ပါတယ်..မီးနိုကို ယုံကြည်ပြီး အလှူငွေတွေထည့်ပေးကြလို့လဲ အရမ်းကိုကျေးဇူးတင်ပါတယ်..အန်တီက အပတ်စဉ် ဆေးကုသစရိတ်တွေ ကုန်ကျနေတာမို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူတန်း ချင်တဲ့သူတွေရှိရင်လဲ မီးနိုကို လိပ်စာလာတောင်းလို့ရပါတယ်.."ဆိုပြီး အလှူအကြောင်းနဲ့ အတူ လှူချင်တဲ့ သူတွေကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ပြည်သူတွေ အတွက် လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတဲ့ မီးနိုရဲ့ ပုံရိပ်တွေကို ပရိသတ်တွေ သာဓုခေါ်နိုင်အောင် ဝေမျှပေးလိုက်ပါတယ်။

Photo Credit-Mee No FB page
Photo Credit-Mee No FB page
Photo Credit-Mee No FB page
Photo Credit-Mee No FB page

သတင်း အရင်းအမြစ်Mee No FB page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T