နှစ်စဉ်ပြုလုပ်နေကြဖြစ်သော အဓိဌာန်ခရီးစဉ်ပြီးမြောက်အောင်မြင်ခဲ့တဲ့အတွက် ကြည်နူးပီတိဖြစ်နေတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/73/730a04946d3a1f336b9a9f380c03381f701f1a11.jpeg
အနုပညာရှင်များ

 ၂၀-ပြီ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ခိုင်နှင်းဝေကတော့  အနုပညာလောကတွင် အောင်မြင်ကျော်ကြားနေရုံတင်မကဘဲ ပရဟိတလောကမှာလည်း  နာမည်ဂုဏ်သတင်းကျော်ဇောနေသူ  တစ်ဦး ဖြစ်ပါတယ်။ အနုပညာလောကမှ  အခက်အခဲများစွာရင်ဆိုင်နေကြတဲ့  စီနီယာညီအစ်ကိုမောင်နှမများကိုလည်း အမြဲကူညီပေးနေသူ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့  လတ်တလော ရခိုင်ပြည်နယ်ကို ရောက်ရှိနေပြီး အလှူအတန်းတွေ  ပြုလုပ်နေတာ  ဖြစ်ပါတယ်။ 

Photo Crd-Khine Hnin Wai’s Facebook Page 

ပရိသတ်တွေကိုလည်း သာဓုခေါ်ဆိုနိုင်အောင်  အလှူပုံရိပ်တွေကို  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။ လိုအပ်တဲ့နေရာတိုင်းကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေတဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေရဲ့ စိတ်ထားကိုတော့  ပရိသတ်တွေအကုန်လုံးက လေးစားအားကျနေကြတာပါ။ မကြာသေးခင်  နာရီပိုင်းလောက်ကလည်း ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  နှစ်စဉ်ပြုလုပ်နေကြဖြစ်သော အဓိဌာန်ခရီးစဉ်ပြီးမြောက်အောင်မြင်ခဲ့တဲ့အတွက် ကြည်နူးပီတိဖြစ်နေတဲ့ အကြောင်းကို ဝေမျှလာတာ ဖြစ်ပါတယ်။ 

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 

သူမကလည်း " ရခိုင်ပြည်နယ်ရှိ ရွှေအံတော်၊ ရွှေနံတော်၊ရွှေဆံတော် ဘုရားသုံးဆူအား ဖူးမျှော်ကြည်ညိုခဲ့ပါတယ်ရှင်..တစ်နှစ်တစ်ခါ အဓိဌာန် ခရီးစဉ်လေး ပြီးမြောက်အောင်မြင်ခဲ့ပြီး ဒီ့ထက်မက သာသနာအကျိုး သယ်ပိုးနိုင်ရပါစေလို့ တောင်းမြဲ ဆုသာ တောင်းခဲ့ပါတယ်..မြန်မာပြည်ကြီး ငြိမ်းချမ်းပြီး ခုနှစ်ရက် သားသမီး အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာနိုင်ကြပါစေရှင်.???" ဆိုပြီး သူမရဲ့ ဆုတောင်းတာကိုပါ ရေးသားထားတာဖြစ်တာကြောင့်  ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်အောင်  ခိုင်နှင်းဝေရဲ့ သတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khine Hnin Wai’s Facebook Page 

Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Photo Crd-Khine Hnin Wai’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T