သားလေးရဲ့နို့မှုန့်ဖိုးအတွက် အလုပ်လုပ်ဖို့လိုအပ်နေတာကြောင့် သူ့ဆီမှာ Delivery မှာလို့ရကြောင်းပြောပြီး အကူအညီတောင်းခံလာတဲ့ Rider တစ်ဦး

//s9.kh1.co/05/05027dd1f7b3f0f154872a9033e88ce957c17b33.jpg
နေ့စဉ်သတင်းများ

 ၂၀-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

သားလေးရဲ့နို့မှုန့်ဖိုးအတွက် အလုပ်လုပ်ဖို့လိုအပ်နေတာကြောင့် သူ့ဆီမှာ Delivery မှာလို့ရကြောင်းပြောပြီး အကူအညီတောင်းခံလာတဲ့ Rider တစ်ဦး

မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်ခဲ့တဲ့အချိန်ကစ၍ သာမန်ပြည်သူတွေအနေနဲ့ စားဝတ်နေရေးအတွက် အရင်ကထက် ပိုပြီးလုံးပန်းနေကြရတာပဲ ဖြစ်ပါတယ် ။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ပြည်သူတွေဆိုရင် အန္တရာယ်တွေကြားကနေတောင် လမ်းပေါ်ကိုထွက်ပြီး သူတို့ရဲ့ဝမ်းရေးအတွက် ရှာဖွေနေရတာပဲ ဖြစ်ပါတယ် ။ Delivery အလုပ်ကိုလုပ်ကိုင်တဲ့ Rider တွေဆိုရင်လည်း အခုအချိန်မှာ အလုပ်အကိုင်တွေနည်းပါးလာတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း Rider တစ်ဦးက သူ့ရဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြပြီး အကူအညီတောင်းခံလာခဲ့တာ ဖြစ်ပါတယ် ။ သူကတော့ အဆောင်ငှားနေတဲ့သူဖြစ်ပြီး မိသားစုသုံးယောက်ရှိသူဖြစ်ကြောင်းကို အရင်ဆုံး ပြောပြထားတာ ဖြစ်ပါတယ် ။ အခုလို အလုပ်အကိုင်တွေ အဆင်မပြေတဲ့အချိန်မှာ သူ့သားလေးရဲ့နို့မှုန့်ဖိုးအတွက် အတော်လေးကို ဒုက္ခရောက်နေကြောင်း ရေးသားထားတာလည်း ဖြစ်ပါတယ် ။ အလှူရှင်တွေလှူတာ ရပေမယ့်လည်း သားလေးရဲ့နို့မှုန့်ဖိုးနဲ့ပဲ ကုန်သွားတာကြောင့် အလုပ်လုပ်ချင်ကြောင်း စကားဆိုထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါကြောင့် သူ့အနေနဲ့ Delivery ပို့တဲ့အလုပ်ကို ပြန်လုပ်တော့မှာဖြစ်ပြီး သူ့ကိုအလုပ်အပ်နိုင်ကြောင်း တောင်းဆိုထားတာပဲ ဖြစ်ပါတယ် ။ ရန်ကင်းမြို့နယ်တစ်ဝိုက် နေထိုင်သူတွေအနေနဲ့ Deliver မှာချင်ရင် ဆက်သွယ်လို့ရအောင် သူ့ရဲ့ဖုန်းနံပါတ်ကိုလည်း အောက်မှာ ရေးသားပြောပြထားပါသေးတယ်။ အခုအချိန်မှာ ပြည်သူအချင်းချင်း တတ်နိုင်သလောက် ရိုင်းပင်းကူညီလို့ရအောင် လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အကူအညီတောင်းခံထားတဲ့ Rider တစ်ဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T