ကြယ်စင်ဝတ်ဆင်ခဲ့တဲ့အင်္ကျီနဲ့ ပုံစံတူတီရှပ်ကိုဝတ်ဆင်ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တောင်ကိုရီးလွှတ်တော်အမတ်တစ်ဦး

//s9.kh1.co/fc/fcfdde683f2fc6181f07be07803f7575a52b90ec.jpg
နေ့စဉ်သတင်းများ

 ၂၀-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကြယ်စင်ဝတ်ဆင်ခဲ့တဲ့အင်္ကျီနဲ့ ပုံစံတူတီရှပ်ကိုဝတ်ဆင်ပြီး ပြည်သူ့လွှတ်တော်အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တောင်ကိုရီးလွှတ်တော်အမတ်တစ်ဦး

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အမြဲနားစွင့်ပြီး တတ်နိုင်တဲ့ဘက်ကနေ ဖေးမကူညီပေးနေတဲ့ နိုင်ငံတွေထဲမှာ တောင်ကိုရီးယားနိုင်ငံက ထိပ်ဆုံးကနေ ပါဝင်နေတာ ဖြစ်ပါတယ် ။ တောင်ကိုရီးယားနိုင်ငံကတော့ မြန်မာပြည်သူတွေရဲ့အခြေအနေကို စာနာနားလည်တဲ့အပြင် အမြဲတမ်းလည်း အားပေးနှစ်သိမ့်နေတာ ဖြစ်ပါတယ် ။ တောင်ကိုရီးယားနိုင်ငံမှာဆိုရင် ပြည်သူတွေ၊ ဘုန်းတော်ကြီးတွေနဲ့ လူငယ်ကျောင်းသားကျောင်းသူတွေ တော်တော်များများက မြန်မာနိုင်ငံကို အားတက်သရော ကူညီနေကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-Hazel SangPan's FB Acc
Photo Credit-Hazel SangPan's FB Acc

ပြီးခဲ့တဲ့ ဧပြီလ (၁၉) ရက်နေ့ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ တော်လှန်ရေးနှစ်ပတ်လည်နေ့ပဲ ဖြစ်ပါတယ် ။ အဲ့ဒီနေ့မှာ တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဂင်ယွန်ဒေါ့(ဂ်)က မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး သူတို့နိုင်ငံရဲ့ပြည်သူ့လွှတ်တော် အစည်းအဝေးပွဲမှာ တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ် ။ အမတ် ဂင်ယွန်ဒေါ့(ဂ်)က မန္တလေးမြို့မှာကျဆုံးခဲ့တဲ့ သူရဲကောင်းမလေး မကြယ်စင်ဝတ်ဆင်ခဲ့တဲ့ "Everything will be ok" စာတန်းပါ ပုံစံတူအင်္ကျီကိုလည်း ဝတ်ဆင်ပြခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-"ဂင်ယွန်ဒေါ့(ဂ်)" FB Page
Photo Credit-"ဂင်ယွန်ဒေါ့(ဂ်)" FB Page
Photo Credit-Original Uploader
Photo Credit-Original Uploader

အမတ်ဂင်ယွန်ဒေါ့(ဂ်) က သူရဲကောင်းမလေး မကြယ်စင်ရဲ့အကြောင်းနဲ့အတူ မြန်မာနိုင်ငံမှာ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေရဲ့အကြောင်းကိုလည်း အစည်းအဝေးပွဲမှာ ရှင်းလင်းပြောပြခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ မြန်မာပြည်သူတွေကိုယ်စား တောင်ကိုရီးယားအစိုးရနဲ့ အခြားလွှတ်တော်အမတ်တွေကို တောင်းဆိုပေးခဲ့တာ ဖြစ်ပါတယ် ။ လွှတ်တော်အမတ် ဂင်ယွန်ဒေါ့(ဂ်)က ဒီအကြောင်းကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ကိုရီးယားဘာသာအပြင် မြန်မာဘာသာနဲ့ပါ ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-"ဂင်ယွန်ဒေါ့(ဂ်)" FB Page

Photo Credit-"ဂင်ယွန်ဒေါ့(ဂ်)" FB Page
Photo Credit-"ဂင်ယွန်ဒေါ့(ဂ်)" FB Page
Photo Credit-"ဂင်ယွန်ဒေါ့(ဂ်)" FB Page
Photo Credit-"ဂင်ယွန်ဒေါ့(ဂ်)" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T