လူစုတာနဲ့ ဖမ်းဆီးသူတွေက ကြိုရောက်နေတာကြောင့် ဆန္ဒဖော်ထုတ်ရန် ခက်ခဲနေတဲ့ မော်လမြိုင်မြို့မြင်ကွင်းများ

//s9.kh1.co/53/534742a33b714b0492f12049135cdec569c932f9.jpeg
နေ့စဉ်သတင်းများ

 ၂၀-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

....

ဖေဖော်ဝါရီလထဲက စတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးကတော့ ဒီနေ့ဒီချိန်ထိ အသက်ဝင်နေဆဲဖြစ်ကာ ပြည်သူအားလုံးကလည်း နေ့ရက်တိုင်း နည်းမျိုးစုံသုံးကာ မြို့နယ်အလိုက် မိမိတို့ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်လျက်ရှိပါတယ်။ဒါ့အပြင် လူငယ်မျိုးဆက်သစ်တွေကလည်း မြန်မာနိုင်ငံမှာဖြစ်ပျက်သမျှတွေကို ကမ္ဘာတစ်ဝှမ်းက သတင်းမီဒီယာတွေသိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတာလည်းဖြစ်ပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

အရင်ကလို အလွယ်တကူ မိမိတို့ရဲ့ ဆန္ဒတွေကို လမ်းမတွေထက်မှာ ငြိမ်းချမ်းစွာဖော်ထုတ်ခွင့်မရတော့ဘဲ ဖြိုခွင်းခံရတာတွေ ဖိနှိပ် ဖမ်းဆီးခံရတာတွေရှိလာတာကြောင့် ခုဆိုရင် လူတိုင်း မိမိတို့အိမ်မှာပဲ အလွယ်တကူ လိုက်လုပ်နိုင်တဲ့ လှုပ်ရှားမှုလေးတွေကိုလည်းဖန်တီးလာကြကာ အားလုံးကလည်း ညီညီညွတ်ညွတ်နဲ့ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြတာကို တွေ့ရပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

အခု မော်လမြိုင်မြို့မှာဆိုရင်လည်း ဆန္ဒဖော်ထုတ်ရန် လူစုတာနဲ့ ဖမ်းဆီးဖြိုခွင်းသူတွေက ရောက်လာတာကြောင့် လှုပ်ရှားမှုပြုလုပ်ရန် မလွယ်ကူကြောင်းကို ပြည်သူတစ်ယောက်က" ဒီရက်ပိုင်း သူတို့ကားတွေ တော်တော်များများ ကမ်းနားကနေ ဖြတ်သွားတာ ရက်ဆက်တွေ့နေရတယ် ဆန္ဒပြသူတွေ ပြောတာကတော့ လူစုတော့မယ်ဆိုတာနဲ့ ဖမ်းဆီးသူတွေက အဲ့နေရာကို ကြိုရောက်နေတာမျိုးတွေ တွေ့နေရတယ် ပြောရမယ်ဆို သတင်းပေးသူတွေ ရှိတယ်လို့လူငယ်တွေကတော့ ပြောနေကြတယ် "လို့ ရင်ဖွင့်ပြောကြားထားပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T