ရန်ကုန်လေဆိပ်မှာ ထိန်းသိမ်းခံလိုက်ရတဲ့ သရုပ်ဆောင်မျိုးသန္တာထွန်း

//s9.kh1.co/67/67bf4d8a14faadaf85041496045b8d1449ba67f0.jpg
အနုပညာရှင်များ

 ၁၉-ပြီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သရုပ်ဆောင်အကယ်ဒီမင်းသမီး မျိုးသန္တာထွန်းကတော့ ဒီကနေ့ ဧပြီလ(၁၉)ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးသိမ်းထိန်းခံလိုက်ရတာ ဖြစ်ပါတယ်..။

သရုပ်ဆောင် မျိုးသန္တာထွန်း ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ စိတ်မကောင်းစရာသတင်းကိုတော့ သားဖြစ်သူနဲ့ တူဖြစ်သူတို့က သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးပြောပြထားတာပါ..။

Photo Credit - Miguel Mg Mg's Fb Acc
Photo Credit - Miguel Mg Mg's Fb Acc
Photo Credit - Miguel Mg Mg's Fb Acc
Photo Credit - Miguel Mg Mg's Fb Acc

"ကျွန်တော့် အမေ ဒီနေ့(၁၉.၄.၂၀၂၁) နေ့လည်တွင် လေဆိပ်မှာဖမ်းခေါ်သွားပါတယ်..ဘာပုဒ်မ မှ မရှိပဲ ဖမ်းသွားတာပါ

Speak out လုပ်ပေးကြပါအုံး???.." ဆိုပြီး သားဖြစ်သူက အကူအညီတောင်းပြောပြထားသလို တူဖြစ်သူကလည်း "ကျွန်တော့်ဒေါ်လေးမျိုးသန္တာထွန်းပါသွားပါပြီ???...

ခုလေးတင်လေဆိပ်မှာပါသွားတာပါ...

Speak Outလုပ်ပေးကြပါအုံးနော်???..." ဆိုပြီး အသိပေးပြောပြထားတာပါ..။

အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောရတနာနဲ့ မင်းသားဘုန်းဆက်သွင်တို့နှစ်ယောက်ကလည်း သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေကနေ ပြောပြကာ စိတ်မကောင်းစွာနဲ့ ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Chaw Yadanar's Fb Acc
Photo Credit - Chaw Yadanar's Fb Acc
https://s9.kh1.co/__image/w=650,h=649,q=100/be/be17c2e71bb3a19ee8e0a116f96eb695d28a4cb6.jpg

"?အန်တီမျိုး သန္တာထွန်း လေဆိပ်မှာ

အဖမ်းခံ လိုက်ရပါတယ်တဲ့ ခင်ဗျာ ????.." လို့ ဘုန်းဆက်သွင် စိတ်မကောင်းစွာ ပြာပြထားသလို ချောရတနာကလည်း "မမျိုး မမျိုးသန္တာထွန်း အမအမြန်ဆုံးအဆင်ပြေလွတ်မြောက်ပါစေ?.." ဆိုပြီး ဆုတောင်းပေးထားတာ ဖြစ်ပါတယ်..။

အခြေအနေတွေမသိရသေးတဲ့ သရုပ်ဆောင်မျိုးသန္တာထွန်း ကျန်းကျန်းမာမာနဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်လာဖို့အတွက် ပရိသတ်တွေ အားလုံးကလည်း ဆုတောင်းစကားတွေဆိုထားကြတာ တွေ့ရပါတယ်..။

Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - PhoneSett Thwin's Fb Acc
Photo Credit - Miguel Mg Mg's Fb Acc
Photo Credit - Miguel Mg Mg's Fb Acc

သတင်း အရင်းအမြစ်Miguel Mg Mg's Fb Acc & Han Phyo's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T