အခုလိုကာလမှာ အော်ဒါသွားပို့ရင်း အနှိမ်ခံခဲ့ရတဲ့အကြောင်းကို စိတ်မကောင်းစွာနဲ့ ဖွင့်ဟပြောပြလာတဲ့ Rider တစ်ဦး

//s9.kh1.co/83/83dd881c4a5a45ff5c209527e8ec3a846952aa71.jpg
နေ့စဉ်သတင်းများ

 ၁၉-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အခုလိုကာလမှာ အော်ဒါသွားပို့ရင်း အနှိမ်ခံခဲ့ရတဲ့အကြောင်းကို စိတ်မကောင်းစွာနဲ့ ဖွင့်ဟပြောပြလာတဲ့ Rider တစ်ဦး

ဖေဖော်ဝါရီလကတည်းက စတင်ပြောင်းလဲခဲ့တဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့် ပြည်သူတွေတော်တော်များများမှာ အခက်အခဲတွေ ကိုယ်စီကြုံတွေ့နေရတာ ဖြစ်ပါတယ် ။ အထူးသဖြင့် သာမန်လက်လုပ်လက်စား ပြည်သူတွေခမျာ အလုပ်တွေ ရပ်နားထားရတာကြောင့် စားဝတ်နေရေးနဲ့ပတ်သက်တဲ့ အဆင်မပြေမှုတွေကို ရင်ဆိုင်ဖြေရှင်းနေရတာပဲ ဖြစ်ပါတယ် ။ ဒီလိုပြည်သူတွေထဲမှာ Deliver ပို့တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ Rider တွေလည်း ပါဝင်နေတာပဲ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV
Photo by Myanmarload TV

Rider တစ်ချို့ကတော့ သူတို့ရဲ့ဝမ်းရေးအတွက် အန္တရာယ်တွေကြားကနေ လမ်းပေါ်ကိုရအောင်ထွက်ပြီး အလုပ်လုပ်နေရတာ ဖြစ်ပါတယ် ။  Deliver ပို့ဖို့လိုအပ်ခဲ့ရင် သူတို့ကိုဆက်သွယ်ပြီး အလုပ်အပ်နိုင်ကြောင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် အကူအညီတောင်းခံနေကြတာ ဖြစ်ပါတယ် ။ အခုလည်း Rider တစ်ဦးက အော်ဒါသွားပို့ရင်း အနှိမ်ခံခဲ့ရတဲ့အကြောင်းကို စိတ်မကောင်းစွာနဲ့ ဖွင့်ဟပြောပြလာခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

သူ့ရဲ့စာထဲမှာတော့ "အခုကာလမှာ Rider တွေအနေနဲ့ အရမ်းအနှိမ်ခံရကြောင်း၊ Rider တွေက သူခိုးကြမ်းပိုးတွေမဟုတ်ကြောင်း၊ သူများတွေလမ်းထွက်ဖို့ ခက်ခဲနေတဲ့အချိန်မှာ Rider တွေက အိမ်စားဖို့ရရုံလေး ထွက်ရှာနေရတာဖြစ်ကြောင်း"ကို အားလုံးနားလည်ဖို့ ရည်ရွယ်ပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီလိုကာလမှာ ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်တတ်ကြတာကို သိပေမယ့် Rider တွေကို အရမ်းမနှိမ်ဘဲ စာနာနားလည်ပေးဖို့ကို သူကတောင်းဆိုထားတာလည်း ဖြစ်ပါတယ် ။ ခံစားချက်အပြည့်နဲ့ ရေးသားပြောပြထားတဲ့ Rider တစ်ဦးရဲ့စာကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T