သူတို့လို့ကလေးတွေရဲ့အနာဂတ်အတွက် မြန်မာ့အရေးကိုလျစ်လျူမရှုဖို့ ဂျပန်ပြည်သူတွေကို ဒူးထောက်တောင်းဆိုနေကြတဲ့ Gen Alphaလေး (၂)ယောက်

//s9.kh1.co/2b/2b875c8faa75342fbb86744409c8252aeb71b4ed.jpeg
နေ့စဉ်သတင်းများ

 ၁၉-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

သူတို့လို့ကလေးတွေရဲ့အနာဂတ်အတွက် မြန်မာ့အရေးကိုလျစ်လျူမရှုဖို့ ဂျပန်ပြည်သူတွေကို ဒူးထောက်တောင်းဆိုနေကြတဲ့ Gen Alphaလေး (၂)ယောက်

ကိုရီးယား၊ဂျပန် စတဲ့နိုင်ငံရပ်ခြားတွေကို ရောက်ရှိနေကြတဲ့ မြန်မာပြည်သူတွေက လမ်းပေါ်ထွက်ပြီး မြန်မာ့အရေးအတွက် တောင်းဆိုနေကြတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင် လူကြီးတွေကစပြီး ကလေးငယ်လေးတွေအဆုံးထိကိုယ်ဆောင်ရွက်နိုင်သလောက်ကို တာဝန်ကျေပွန်နေကြတာဖြစ်ပါတယ်။(18.4.2021)ကဆိုရင်လည်း ဂျပန်နိုင်ငံမှာနေထိုင်ကြတဲ့ မြန်မာပြည်သူ၊ပြည်သားတွေက လက်ရှိအခြေအနေကို ဂျပန်လူမျိုးများနဲ့နိုင်ငံခြားသားများသိနိုင်ဖို့Shibuyaမှာလှုပ်ရှားမှုများပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒီပွဲမှာ Gen Alpha လေး(၂)ယောက်ကလည်း လာရောက်ပူးပေါင်းပေးကြပြီး မြန်မာနိုင်ငံအတွက် တတ်နိုင်သလောက်လှုပ်ရှားပေးနေကြတာဖြစ်ပါတယ်။ကလေးလေးတွေက အသက်ငယ်ငယ်လေးပဲရှိသေးပေမယ့်ရဲစွမ်းသတ္တိအပြည့်ရှိပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ကြလို့ မြန်မာ့အရေးကို နိုင်ငံခြားသားတွေပိုမိုသိမြင်လာအောင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ကလေးလေး(၂)ယောက်က သူတို့လိုကလေးတွေရဲ့အနာဂတ်အတွက် မြန်မာ့အရေးကိုလျစ်လျူမရှုဖို့ ဂျပန်ပြည်သူတွေကို ကြိုးစားပမ်းစားနဲ့ဒူးထောက်တောင်းဆိုနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒီGen Alphaလေး(၂)ယောက်က ဂျပန်မှာမွေးကြတဲ့ မြန်မာကလေးလေးတွေဖြစ်ပေမယ့် လက်ရှိအခြေအနေမှာအမိမြေအတွက် အားကြိုးမာန်တက်ပါဝင်အားဖြည့်ပေးနေတာဖြစ်ပါတယ်။ကလေးလေးတွေက”မြန်မာကကလေးတွေက သားတို့လိုကျောင်းမတက်ရဘူး အသတ်ခံရတာတွေလည်းရှိနေတယ်”ဆိုပြီး ကယ်ပေးဖို့ပြောခဲ့တယ်လို့ သိရပါတယ်။လက်ရှိအခြေအနေမှာဆိုရင်တော့ ပြည်တွင်း၊ပြည်ပမှာရှိကြတဲ့ မြန်မာပြည်သူတွေက စည်းစည်းလုံးလုံးရှိကြပြီး ကလေးငယ်လေးတွေကလည်း အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်နေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T