သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုများကို ဖေဖော်ဝါရီလကတည်းမှ စတင်ပြီး ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင်အောင် လမ်းမပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ပရိသတ်များက ချီးကျူးဂုဏ်ပြုနေကြတာပါ။ အခုလိုမျိုး တက်ကြွစွာ ပါဝင်ခဲ့တာကြောင့်လည်း ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း ပိုင်ဖြိုးသုတစ်ယောက် လတ်တလောမှာ ခေတ္တခဏ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ တိမ်းရှောင်နေရသော်လည်း မြန်မာ့အရေးကို သူမရဲ့ လူမှုကွန်ယက်များမှတစ်ဆင့် တတ်နိုင်သလောက် Speak Out လုပ်ပေးနေတာ ဖြစ်ပါတယ်။ မနေ့ညကလည်း ပိုင်ဖြိုးသုရဲ့ Facebook Page တွင် ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ လိပ်ပြာလုံသော အောင်မြင်ခြင်းနဲ့သာ ဘဝကို ဖြတ်သန်းလိုကြောင်း သူမရဲ့ခံယူချက်ကို ပြောပြလာတာ ဖြစ်ပါတယ်။
" ဆရာလင်္ကာရည်ကျော်ရဲ့ "နေဝင်အိပ်တန်းတက်" ဝတ္ထုထဲမှာပါတဲ့ conceptလေးတစ်ခုကျွန်မအရမ်းသဘောကျတာရှိပါတယ်....
ဘဝရဲ့နောက်ဆုံးအချိန်မှာ နောင်တနည်းနိုင်သမျှနည်းအောင် နေနိုင်ခဲ့တဲ့လူက အောင်မြင်သောဘဝကိုပိုင်ဆိုင်တယ်လို့ သတ်မှတ်လို့ရတယ်...တဲ့
ကျွန်မအဲဒီ့စာလေးဖတ်မိပြီးကတည်းက အမြဲခဏခဏပြောတတ်တယ်...
ဘဝကတိုတိုလေး မနက်ဖြန်သေမလားသဘက်ခါသေမလားမသိတာကို...မသေခင်ငါကတော့ဘယ်သူ့အပေါ်ဘယ်လိုမကောင်းကြံဖူးခဲ့တယ်...ဘယ်သူကတော့ငါ့ကြောင့်ဒုက္ခတွေရောက်ခဲ့ရတယ်ဆိုတဲ့နောင်တကြီးနဲ့မသေချင်ဘူးလို့...
ဘဝမှာထိပ်ဆုံးထိရောက်အောင် မအောင်မြင်ရင်လည်းနေပါစေ...ပိုက်ဆံတွေမချမ်းသာရင်လည်းနေပါစေ...သေခါနီးတော့နောင်တတွေနဲ့မသေချင်ဘူး...ဆိုတဲ့စကားကို ကျွန်မနဲ့ရင်းနှီးတဲ့အနီးကပ်နေတဲ့လူတိုင်းလိုလိုကျွန်မဆီကကြားဖူးကြပါတယ်...
အခုတော့ ကျွန်မမလိုချင်တဲ့နောင်တတရားတွေထပ်တိုးလာပါပြီ...
လူပေါင်းများစွာမတရားညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံနေရချိန်မှာ ကိုယ့်ကိုမထိခိုက်သရွေ့နှုတ်ဆိတ်နေမိခြင်း မတရားမှုကိုကျူးလွန်နေသူလူယုတ်မာတွေဘက်ကရပ်တည်မိခြင်း စတဲ့နောင်တများကလည်းကင်းဝေးရလိုပါတယ်...
ဘဝမှာကျွန်မလိုချင်တဲ့အောင်မြင်မှုဆိုတာ နောင်တနည်းနိုင်သမျှနည်းတဲ့ဘဝကိုပိုင်ဆိုင်ရခြင်းပါ....
ခက်ခဲမယ် ကြမ်းတမ်းမယ်ဆိုတာသိပေမယ့် ဘဝကိုလိပ်ပြာလုံသောအောင်မြင်ခြင်းနဲ့ပဲ ဖြတ်သန်းချင်ပါတယ်...
#အရေးတော်ပုံအောင်ရမည်" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Paing Phyoe Thu’s Facebook Page and D1P