ပရိသတ်ကြီးရေ.. Myanmar Idol ပြိုင်ပွဲကြီးကနေ ပရိသတ်တွေရဲ့အသိအမှတ်ပြုအားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော်စွမ်းပြည့်အောင်ကတော့ အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။
လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ ပြည်သူတွေအားလုံးနဲ့အတူ တတ်နိုင်သလောက်ဖေးမကူညီမှုတွေပြုလုပ်နေတဲ့ စွမ်းပြည့်အောင်ကတော့ မြန်မာ့နှစ်သစ်ကူးအခါသမယမှာလည်း ကောင်းမှုကုသိုလ်တွေနဲ့အတူ နှစ်သစ်ကိုကြိုဆိုလိုက်ပါတယ်..။
ဧပြီလ(၁၇)ရက်နေ့ နှစ်သစ်ကူးအချိန်အခါဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့က အရှင်ဉာဏ်ဏဝံသ အဖြစ် မိသားစုတွေစုံစုံညီညီနဲ့ သာသနာ့ဘောင်ဝင်ရောက်ကုသိုလ်ယူခဲ့တာဖြစ်ပြီး အေးချမ်းစွာနဲ့ မိသားစုလိုက်ကောင်းမှုတွေပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်..။
နှစ်သစ်အလှူအဖြစ် သာသနာ့ဘောင်ဝင်ရောက်ကာ ကုသိုလ်ယူရင်း နှစ်သစ်ကိုကြိုဆိုလိုက်တာဖြစ်ပြီး ကောင်းမှုပြုရဟန်းခံပုံရိပ်တွေကိုလည်း ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးဝေမျှထားတာလည်း တွေ့ရပါတယ်..။
"စိတ်၏ငြိမ်းချမ်းရာ - အရှင် ဉာဏ်ဏဝံသ ??????
hometown. ." ဆိုပြီး ရဟန်းခံကုသိုလ်ယူနေတဲ့ ကြည်ညိုစရာပုံရိပ်တွေကို ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးထားတာ ဖြစ်ပါတယ်..။
အေးချမ်းငြိမ်သက်တဲ့ ဘုရားရိပ်တရားရိပ်မှာ သာသနာ့ဘောင်ဝင်ရောက်ကာ နှစ်သစ်ကုသိုလ်ယူနေတဲ့ အဆိုတော်စွမ်းပြည့်အောင် အရှင်ဉာဏ်ဏဝံသရဲ့ ကြည်ညိုစရာပုံရိပ်တွေကို ပရိသတ်တွေကလည်း သာဓုခေါ်ကုသိုလ်ယူနေကြ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Swan Pyae Aung's Fb Acc