သပြေပန်းများကိုင်ဆောင်ကာ လမ်းလျှောက်သပိတ်ကိုငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြတဲ့ မိုးကုတ်ကလူငယ်များ

//s9.kh1.co/cc/cc184075a18ccb64ed372e3b66d6e94ee55da1bc.jpeg
နေ့စဉ်သတင်းများ

 ၁၈-ပြီ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.....

ကမ္ဘာတစ်ဝှမ်းလုံးရဲ့သတင်းတွေထိနေရာယူထားကာ အားလုံးရဲ့အထူးစိတ်ဝင်စားခြင်းခံနေရတဲ့ မြန်မာနိုင်ငံကလူထုလှုပ်ရှားမှုကြီးကအခုဆိုရင် ပြည်သူတွေဟာ ရင်ထဲကဆန္ဒတွေကို အရင်လိုငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့် မရှိတော့ဘဲ ဖြိုခွင်းခံရမှုတွေ အပစ်အခတ်တွေရှိလာတာကြောင့် အသက်ဆုံးရှုံးမှုတွေ ဒဏ်ရာရရှိမှုတွေနဲ့ကြုံတွေ့နေရပြီဖြစ်ပါတယ်။ဦးဆောင်နေသူတွေကလည်း မျိုးဆက်သစ် ပညာတတ်လူငယ်လေးတွေဖြစ်တာကြောင့် သူတို့လေးတွေအသက်ဆုံးရှုံးသွားကြတဲ့အခါ အားလုံးက ကြေကွဲဝမ်းနည်းနေကြရတာအမှန်ပါပဲ။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

တစ်ချို့နေရာဒေသတွေမှာဆိုရင် နေ့ရောညပါ အပစ်အခတ်တွေရှိနေတာကြောင့် ပြည်သူတွေက စိုးရိမ်ထိတ်လန့်စွာနေထိုင်နေရတာပါ။ ဒီလို အခက်အခဲ အန္တရာယ်တွေကြားမှာပဲ ပြည်သူအချင်းချင်းအပြန်အလှန်စောင့်ရှောက်ရင်း အားလုံးက လက်တွဲညီညီ ရိုင်းပင်းကူညီနေကြတာလည်းဖြစ်ပါတယ်။ဒါ့အပြင် စားဝတ်နေရေး အဆင်ပြေစေရန်အတွက်လည်း မြို့တိုင်းလိုလိုမှာ ထောက်ပံ့လှူဒါန်းခြင်းတွေကိုလည်းပြုလုပ်လျက်ရှိပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ပြည်သူတွေက ဘယ်လိုအခက်အခဲတွေပဲရှိရှိ ဇွဲမာန်အပြည့်နဲ့ ဒီနေ့ဒီချိန်ထိ တက်ကြွစွာ ရရာနေရာကနေ နေရောညပါ ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်ကာ လှုပ်ရှားမှုတွေပြုလုပ်နေဆဲပါ။ဧပြီလ (၁၈) ရက်နေ့မှာဆိုရင်လည်း မိုးကုတ်ကလူငယ်မျိုးဆက်သစ်လေးတွေဟာ သပြေပန်းများ ကိုင်ဆောင်ကာ လမ်းလျှောက်သပိတ်ကို အပစ်အခတ်တွေရှိနေတဲ့ကြားမှာပဲ ရဲဝင့်စွာ လှုပ်ရှားခဲ့ကြတာကိုတွေ့ရပါတယ်။ပုံလေးတွေကြည့်ပြီး လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးရင်း အားလုံးဘေးအန္တရာယ်ကင်းရှင်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source& Photo Credit: Original Uploder
Source& Photo Credit: Original Uploder
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T