လေဖြတ်ခံထားရလို့ ဆေးဖိုးနဲ့ ဝမ်းရေးအတွက် လိုအပ်နေတာကြောင့် စျေးထဲမှာ ပန်းချီဆွဲကာ အသက်မွေးနေရတဲ့ အဘိုးအိုတစ်ဦး

//s9.kh1.co/9c/9c94b455b486354cbf3ebe5a502fd945c3ac5ad2.jpg
နေ့စဉ်သတင်းများ

 ၁၈-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

လေဖြတ်ခံထားရလို့ ဆေးဖိုးနဲ့ ဝမ်းရေးအတွက် လိုအပ်နေတာကြောင့် စျေးထဲမှာ ပန်းချီဆွဲကာ အသက်မွေးနေရတဲ့ အဘိုးအိုတစ်ဦး

မြန်မာနိုင်ငံက ပြည်သူတွေကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် အင်မတန် ရက်ရက်ရောရောရှိကြပြီး လက်မနှေးဘဲ ပါဝင်ကူညီတတ်ကြတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ပြည်သူတွေက ဒုက္ခရောက်နေတဲ့သူကိုတွေ့တာနဲ့ ကိုယ်တိုင်ကူညီပေးလေ့ရှိသလို သူများတွေပါ ကူညီလို့ရအောင် တိုက်တွန်းပေးတတ်တာလည်း ဖြစ်ပါတယ် ။ အခုလည်း စေတနာရှင်ပြည်သူတစ်ယောက်က ပန်းချီဆွဲကာ အသက်မွေးနေရတဲ့ အဘိုးအိုတစ်ဦးရဲ့အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အဲ့ဒီပြည်သူက အဘိုးအိုရဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေပြီး အကူအညီတောင်းခံထားတာ ဖြစ်ပါတယ် ။ အဘိုးအိုက အင်းစိန်စျေး၊ ပြည့်စုံစိန်တိုက်နားမှာ ပန်းချီဆွဲပြီး ရောင်းချနေတဲ့သူဖြစ်တာကြောင့် လမ်းကြုံရင် ကူညီပေးကြဖို့ ပြောထားတာပဲ ဖြစ်ပါတယ် ။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပေမယ့်လည်း ဝမ်းရေးနဲ့ ဆေးဖိုးရှာဖွေဖို့အတွက် လမ်းပေါ်ထွက်ကာ စျေးရောင်းနေရတဲ့ အဘိုးအိုခမျာ အခုလိုကာလမှာတော့ အရင်ကထက် ပိုခက်ခဲနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အဘိုးက သူဆွဲထားတဲ့ ပန်းချီကားလေးတွေကို တစ်ချပ်တစ်ထောင်နှုန်းဖြင့် ရောင်းချပြီး ရိုးရိုးသားသား ရှာဖွေစားသောက်နေတဲ့သူလည်း ဖြစ်ပါတယ် ။ လေဖြတ်ခံထားရတဲ့ အဘိုးရဲ့ခြေထောက်က ခွဲစိတ်ကုသဖို့ လိုအပ်နေကြောင်းကို အဘိုးကိုယ်စား အကူအညီတောင်းခံလာတဲ့ ပြည်သူက ပြောပြထားတာ ဖြစ်ပါတယ် ။ ဒါကြောင့် ပရိသတ်တွေအနေနဲ့လည်း အင်းစိန်စျေးထဲမှာ ပန်းချီဆွဲပြီးရောင်းချနေတဲ့ အဘိုးနဲ့တွေ့ဆုံဖြစ်ခဲ့ရင် တတ်နိုင်သလောက် ကူညီဖေးမပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါရစေ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T