ပရိသတ်ကြီးရေ.. မမဆောင်းလို့အများကချစ်စနိုးခေါ်ကြပြီး အောင်မြင်မှုတွေများစွာရရှိထားတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော်သရုပ်ဆောင်ဖြစ်တဲ့ ဆောင်းအိနြေ္ဒထွန်းကတော့ လှူဒါန်းမှုတွေကို မကြာခဏပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။
မမဆောင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း လိုအပ်ပြီးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက်လည်း အလှူအတန်းတွေပြုလုပ်ကာ တတ်အားသရွေ့ဖေးမကူညီမှုတွေ ပြုလုပ်နေတာလည်း တွေ့ရပါတယ်..။
မမဆောင်းကတော့ မွေးရပ်ဇာတိမြေ မော်လမြိုင်မြို့ကို ပြန်ရောက်ချင်းချင်း နောက်နေ့မှာပဲ ပြည်သူတွေအတွက် အစားအသောက်တွေနဲ့ ငွေကြေးတွေကို လူကြီးလူငယ်မရွေး ပေးဝေလှူဒါန်းကာ ကုသိုလ်ယူခဲ့ပြန်တာလည်း တွေ့ရပါတယ်..။
ပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ကုသိုလ်ယူခဲ့တဲ့ ပျော်စရာအခိုက်အတန့်ဖြစ်တဲ့ အလှူပုံရိပ်တွေကိုလည်း မမဆောင်းက Live လွှင့်ပြီး ပြန်လည်မျှဝေထားပါသေးတယ်..။
"နှစ်ဆန်း ၁ရက်နေ့ အလှု (မော်လ မြိုင် အိမ် အနောက်မှာ ဌားနေသူတွေကို မမဆောင်းအလှု) လူကြီးတွေကိုပိုက်ဆံအလှု,ကလေးတွေကို မုန့်အလှု.." ဆိုပြီး သူမရဲ့အလှူကို မမဆောင်းက ဝေမျှထားတာ ဖြစ်ပါတယ်..။
နှစ်ဆန်းတစ်ရက်နေ့မှာ ပြည်သူတွေအတွက် တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်နေတဲ့ မမဆောင်းရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ကာ ဆုတောင်းစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ မမဆောင်း Fb Page