ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားမှုကြီးကို ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြတဲ့ စမ်းချောင်းမြို့နယ်ကလူငယ်များ

//s9.kh1.co/76/76db639a9a7079eb11417b59c13b2dba38e94168.jpeg
နေ့စဉ်သတင်းများ

 ၁၇-ပြီ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.......

ဧပြီလ (၁၇) ရက်နေ့ဟာ မြန်မာလူမျိုးတွေရဲ့  နှစ်သစ်ကိုကြိုဆိုတဲ့ နှစ်ဆန်းတစ်ရက်နေ့လေးပဲဖြစ်ပါတယ်။ဒီလိုနေ့မျိုးမှာ ပြည်သူများက ကောင်းမှုကုသိုလ်များကို ပြုလုပ်ကာ ကုသိုလ်ယူကြတာလည်းဖြစ်ပါတယ်။ခုလိုကာလမှာတော့ မြန်မာနိုင်ငံမှာလတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေဟာ သင်္ကြန်လည်း မဆင်နွှဲကြပဲ လူထုလှုပ်ရှားတွေကိုပဲ အာရုံစိုက်ကာ နေရာအနှံအပြားမှာ ပြုလုပ်လျက်ရှိတာကိုတွေ့ရပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ဒီနေ့နှစ်ဆန်းတစ်ရက်နေ့မှာဆိုရင်လည်း စမ်းချောင်းက လူငယ်မျိုးဆက်သစ်များဟာ ဘာသာရေးနဲ့ မှိုင်းတိုက်တာမျိုးတွေမရှိရအောင်ရည်ရွယ်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေးဆိုတဲ့ လူထုလှုပ်ရှားမှုကြီးကို ကမ်းနားလမ်းရှိ ရေလည်တွင် ငြိမ်းချမ်းစွာပြုလုပ်လျက်ရှိတာကိုတွေ့မြင်ရပါတယ်။အင်္ကျီတွေနဲ့ ဦးထုပ်တွေပေါ်မှာ မိမိတို့ရင်ထဲက ဆန္ဒတွေကိုထုတ်ဖော်ရေးသားရင်း ဆင်တူဝတ်ဆင်ထားကြတာကိုလည်းတွေ့မြင်ရပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload

ဒီလှုပ်ရှားမှုကြီးမှာ ပါဝင်နေတဲ့ ပြည်သူတစ်ယောက်ကလည်း  " ဘာသာရေးနဲ့ မှိုင်းတိုက်တာတွေမရှိအောင်၊ သူတို့ဘယ်လိုပဲဘာသာရေးနဲ့ သွေးခွဲသွေးခွဲ ကျွန်မတို့က တစ်သွေးတည်းတစ်သံတည်းနဲ့ အာဏာရှင်ကိုတွန်းလှန်သွားမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ ကျွန်မတို့ရဲ့ ဘာသာပေါင်းစုံရဲ့ ညီညွတ်မှုကိုပြတဲ့အနေနဲ့ ဒီနေ့ ဘာသာလူမျိုး မခွဲခြား မြန်မာနိုင်ငံသား ဆိုတဲ့ လူထုလှုပ်ရှားမှု ကမ်ပိန်းလေးကိုပြုလုပ်ရခြင်းဖြစ်ပါတယ်။ ပြီးတော့ NUG ကိုလည်းထောက်ခံတဲ့အနေနဲ့ ပြုလုပ်ခြင်းဖြစ်ပါတယ် " လို့ သူရဲ့ ရင်ထဲကခံစားချက်တွေကို ခုလိုရင်ဖွင့်ပြောကြားလာတာဖြစ်ပါတယ်။

Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Photo By Myanmarload
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T