သရုပ်ဆောင် ဘုန်းဆက်သွင်ကတော့ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ရာမှတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိထားတာလည်း ဖြစ်ပါတယ်။ လူတိုင်းအပေါ်ကူညီချင်စိတ်ရှိပြီး စိတ်ထားလေးကလည်း မွန်မြတ်ဖြူစင်သူဖြစ်တာကြောင့် အားလုံးက လေးစားနေကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကိုလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။


ဘုန်းဆက်သွင်ကတော့ အရေးကြုံတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ပရဟိတစိတ်ဓာတ် အပြည့်ရှိသူဖြစ်တာကြောင့် လတ်တလော စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေထံသို့ သွားရောက်ကာ အလှူငွေများနဲ့ စားသောက်ကုန်များ လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဘုန်းဆက်သွင်ရဲ့ Facebook အကောင့်တွင် စားဝတ်နေရေး ခက်ခဲနေသော ပြည်သူတွေထံသို့လိုအပ်တဲ့ စားသောက်ကုန်နဲ့ အလှူငွေတွေ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို တင်ထားတာပဲ ဖြစ်ပါတယ်။


သူကလည်း " ယနေ့ အလှူ
လှူပေးကြတဲ့ အလှူ့ရှင်တွေ
ကျန်းမာချမ်းသာကြပါစေ
🙏🙏🙏
#WhatsHappeningInMyanmar
#SaveMyammar
#Apr8Coup
#RejectMilitaryCoup" ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့လုံခြုံရေးကို စိတ်ပူနေကြတဲ့ ပရိသတ်များကိုလည်း " ကျွန်တော်ကို စိတ်ပူပေးကြတဲ့ လူကြီးမိဘတွေနဲ့ အကုန်လုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ " ဆိုပြီး ရေးသားထားတာဖြစ်တာကြောင့် ပရိသတ်တွေလည်း သိရှိရအောင် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Phone Sett Thwin’s Facebook Account



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။