အဆိုတော် ဆိုဖီယာကတော့ သီချင်းဆိုပြိုင်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရာမှတစ်ဆင့် ဂီတလောကထဲသို့ စတင်ဝင်ရောက်ခဲ့သူ တစ်ဦးပါ။ သူမကတော့ လတ်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ဖြစ်နေတဲ့ အခြေအနေတွေကိုလည်း ကမ္ဘာ့နိုင်ငံများမှ သိရှိအောင်လည်း ဆိုဖီယာရဲ့ လူမှုကွန်ယက်မှတစ်ဆင့် Speak Out လုပ်ပေးနေသူလည်း ဖြစ်ပါတယ်။


ဒါ့အပြင် လက်ရှိအခြေအနေမှာ စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူများကိုလည်း လိုအပ်တဲ့စားသောက်ကုန်ပစ္စည်းများကို သူငယ်ချင်းများနဲ့ စုပေါင်းကာ လှူဒါန်းပေးလျက် ရှိနေတာကိုလည်း မြင်တွေ့ကြရမှာပါ။ သူမရဲ့ လှူဒါန်းမှုတွေကိုလည်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်အောင် ဆိုဖီယာရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညက ဆိုဖီယာရဲ့ Facebook Page တွင် စားဝတ်နေရေးခက်ခဲနေသော တောင်ဒဂုံမြို့နယ်မှ ပြည်သူတွေအတွက် ဒုတိယအကြိမ်မြောက် လှူဒါန်းခဲ့တဲ့ပုံရိပ်တွေကို တင်ထားတာပဲ ဖြစ်ပါတယ်။



ဆိုဖီယာကလည်း " ယနေ့ တောင်ဒဂုံ အိမ်ထောင်စု ၅၀ ပါ
ပါဝင်လှူဒါန်း သော အစ်မ Rebecca နှင့် သူငယ် ချင်းများ
ကို ကျေးဇူးတင်ပါတယ် 🙏🏻"
" South Dagon ဒုတိယအကြိမ် အလှူ 🙏🏻
Thanks Ma Rebecca for the Donation " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်စေရန်အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Sophia Everest’s Facebook page



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။