MRTV-4ရဲ့ မင်းသားတစ်လက်ဖြစ်တဲ့ သရုပ်ဆောင် ဘုန်းဆက်သွင်ကတော့ ဖေဖော်ဝါရီလ အစကတည်း ပြောင်းလဲခဲ့တဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘုန်းဆက်သွင်က ပြည်သူတွေပြုလုပ်တဲ့ လူထုလှုပ်ရှားမှုတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေတာဖြစ်ပါတယ်။


ဒီကနေ့မှာလည်း ဘုန်းဆက်သွင်က ပြည်သူတွေနဲ့အတူ ပိတောက်နဲ့ ဘောလုံးသပိတ်မှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဘုန်းဆက်သွင်က မိုးရွာနေပေမယ့်လည်း တစ်နေကုန် လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အခုလို ပြည်သူတွေဘက်က အားဖြည့်ပါဝင်နေတဲ့ သူရဲ့ ပုံရိပ်တွေကိုလည်း Facebook Account ထက်မှာ ဝေမျှခဲ့ပါသေးတယ်။


အဆိုပါ ပုံရိပ်တွေအပြင် ဘုန်းဆက်သွင်က " မိုးရွာနေလဲ ယနေ့ ပိတောက်နဲ့ ဘောလုံး သပိတ် တိုက်ပွဲရှိရင် အောင်ပွဲ ရှိမယ် အောင်စိတ်မြဲရင် အောင်ပွဲရမယ် အရေးတော်ပုံ အောင်ရမည် Today Eveving Padauk And Ballon Strike Yangon Day 64 " ဆိုတဲ့ စာသားကိုလည်း ရေးသားလာခဲ့တာဖြစ်ပါတယ်။ မိုးရွာနေပေမယ့်လည်း ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ တစ်သားတည်းရပ်တည်ခဲ့တဲ့ သရုပ်ဆောင် ဘုန်းဆက်သွင်ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။



သတင်းအရင်းမြစ်: Source & Photo credit - PhoneSett Thwin's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။