သရုပ်ဆောင်  ဖွေးဖွေးကတော့ မြန်မာနိုင်ငံတွင်  လက်ရှိဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ  တစ်သွေးတည်း တစ်သားတည်း  ပူးပေါင်းပါဝင်နေသူတစ်ဦးလည်း  ဖြစ်ပါတယ်။  လက်ရှိမှာတော့  အခြေအနေအရပ်ရပ်ကြောင့်   ခေတ္တခဏတိမ်းရှောင်နေရသော်လည်း  လူမှုကွန်ယက်များမှတစ်ဆင့် speak out လုပ်ပေးနေတာလည်း  ဖြစ်ပါတယ်။  ပရိသတ်တွေကို သူမအတွက် စိတ်မပူစေဖို့ကိုလည်း  အမြဲပြောနေတာပါ။

Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 

လူထုလှုပ်ရှားမှုတွေတိုင်း  ရှေ့ဆုံးကနေ  ပါဝင်နေသူဖြစ်တာကြောင့်လည်း  ပရိသတ်များက  ဖွေးစိန်လေးရဲ့စိတ်ထားကို  လေးစားချစ်ခင်နေကြတာပါ။  သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း  အမြဲဝေမျှပေးလေ့ရှိပြီး  မကြာသေးခင် နာရီပိုင်းလောက်ကလည်း  ဖွေးဖွေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  လက်ရှိဖြစ်နေတဲ့ အခြေအနေများနဲ့ပတ်သက်ပြီး သူမရင်ထဲမှာရှိတဲ့ ခံယူချက်တွေကို ရေးသားပြောပြလာတာပဲ  ဖြစ်ပါတယ်။

Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 

" လုပ်သင့်လုပ်ထိုက်တာ 

​ပြောသင့်​ပြောထိုက်တာ ​တွေ​ပြောခဲ့ ရလို့ 

ပြည်သူတစ်​ယောက်အ​နေနဲ့ 

ဘယ်​တော့မှ ​နောင်တမရပါဘူး... 

ကိုယ့် ခံယူချက်☆ ပြည်သူ့အမှန်တရားကို တစ်သားတည်း

အမြဲ သစ္စာရှိသွားပါဦးမယ်... 

​နေ့တိုင်းဆု​တောင်း​ပေးပါ့မယ် ... 

အားလုံး ဂရုစိုက်ကြပါရှင် ... 💪💪💪💪💪💪💪🤍✨

ဘာလိုလို နဲ့ ပိ​တောက်ပန်း​တွေ​တောင်ပွင့်​တော့မယ်...​

နွေဦး​လေးတို့ရယ်.. 

#WeMustWin " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Phway Phway’s Facebook Page 

Photo Crd-Phway Phway’s Facebook Page 
Photo Crd-Phway Phway’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။