ပရိသတ်ကြီးရေ.. အကယ်ဒမီမင်းသားကြီးဝေဠုကျော်ကတော့ အနုပညာလောကမှာ အခိုင်အမာအောင်မြင်မှုတွေရရှိထားသလို ပရဟိတအလုပ်တွေလုပ်နေတဲ့အပြင် လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့ရပ်တည်နေတာ ဖြစ်ပါတယ်..။
ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက တတ်နိုင်တဲ့ဘက်ကနေ လူထုလှုပ်ရှားမှုတွေနဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေအဆက်မပြတ်လုပ်ဆောင်နေတာကိုလည်း မကြာခဏဆိုသလို တွေ့ရပါတယ်..။




အလှူအတန်းတွေဆက်တိုက်လုပ်ဆောင်နေတဲ့ ဝေဠုကျော်ကတော့ ဒီကနေ့မှာလည်း စားဝတ်နေရေးခက်ခဲနေကြတဲ့ တောင်ဒဂုံကပြည်သူတွေအတွက်လည်း စားသောက်ကုန်တွေ ကိုယ်တိုင်ပေးဝေလှူဒါန်းခဲ့ပြန်ပါတယ်..။
စားဝတ်နေရေးအခက်အခဲတွေနဲ့ကြုံတွေ့နေကြရတဲ့ တောင်ဒဂုံမြို့နယ်က အိမ်ထောင်စု ၁၀၀ ကျော်အတွက် ဆန်နဲ့ အခြားစားသောက်ကုန်တွေကို ပေးဝေလှူဒါန်းခဲ့တာဖြစ်ပြီး ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ပုံရိပ်တွေကိုလည်း မျှဝေထားပါသေးတယ်..။




"4-4-2021
ယနေ့ တောင်ဒဂုံ အိမ်ထောင်စု ၁၁၆စု သို့အလှူ
ဝေဠုကျော်ဖောင်ဒေးရှင်းမှ
စားသောက်ရေး ခက်ခဲ ကြပ်တည်းနေကြသော
တောင်ဒဂုံမြို့နယ် ၅၆ရပ်ကွက် ( ဝါးတောကျူး)
၁၁၆ အိမ်ထောင်စုသို့
တစ်အိမ်ထောင်လျှင်
ဆန် ၃ပြည်
ကြက်သွန်နီ ၅၀သား
လက်ဘက်နှပ်ဆီစိမ် ဗူးကြီး ၁ဗူး
မျှင်ငါးပိ ၂၀သား တို့ကို သွားရောက် ထောက်ပံ့ လှူဒါန်း ပေးခဲ့ပါသည်။
ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010
09455500014
09776089484.." ဆိုပြီး အလှူအကြောင်းကိုပြောပြရင်း ဖောင်ဒေးရှင်းကို ဆက်သွယ်လှူဒါန်းနိုင်မယ့်ဖုန်းနံပါတ်တွေကိုလည်း အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။
ပြည်သူတွေအတွက်လိုအပ်တာတွေကို ပြန်လည်လှူဒါန်းနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေအားလုံးအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်..။




သတင်းအရင်းမြစ်: Wai Lu Kyaw Foundation's Fb Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။