ပရိသတ်ကြီးရေ.. ပရဟိတအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး လှူဒါန်းမှုတွေကို အဆက်မပြတ်ပြုလုပ်နေတာ ဖြစ်ပါတယ်..။
လိုအပ်ပြီးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် နေ့တိုင်းလိုလိုလှူဒါန်းပြီး ဖေးမကူညီနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လှိုင်သာယာပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့ပြန်ပါတယ်..။




ဝေဠုကျော်ကတော့ ဖောင်ဒေးရှင်းက အဖွဲ့သားတွေနဲ့အတူ လှိုင်သာယာကပြည်သူတွေအတွက် စားသောက်ကုန်တွေကိုယ်တိုင်သွားရောက်လှူဒါန်းရင်း လမ်းမှာလည်း စစ်ဆေးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေကိုလည်း ပြောပြလာပါတယ်..။
လှိုင်သာယာက စားဝတ်နေရေးခက်ခဲနေတဲ့ အိမ်ထောင်စု ၂၉၀ အတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး လမ်းမှာစစ်ဆေးမှုတွေရှိခဲ့ပေမယ့်လည်း ဘာပြဿနာမှမရှိခဲ့တဲ့အကြောင်းကိုလည်း ပြောပြထားတာ တွေ့ရပါတယ်..။





"2-4-2021
ယနေ့ လှူဒါန်းမှု လှိုင်သာယာ အိမ်ထောင်စု ၂၉၀ စု
ဝေဠုကျော်ဖောင်ဒေးရှင်းမှ
လှိုင်သာယာရှိ လိုအပ်နေသော အိမ်ထောင်စု ၂၉၀စု သို့
တစ်အိမ်ထောင်လျှင်
ဆန် ၂ပြည်
ကြက်သွန်နီ ၅၀သား
ကြက်ဥ ၁၀လုံး
မျှင်ငါးပိ ၁၅ကျပ်သား တို့ကို သွားရောက် ကူညီထောက်ပံ့ပေးခဲ့ပါသည်။
(ဒီနေ့ လမ်းကြောင်းရှင်းတယ် ဆိုလို့ လှိုင်သာယာသွားလှူတာပါ။
မြန်မြန်လှူ မြန်မြန်ပြန်ဖို့ လုပ်ပေမယ့်
အစစ်ဆေးတော့ခံရပါသေးတယ်။
ခေါ်စစ်ဆေးတယ်ဆိုတာနဲ့
ကိုဝေဠု နဲ့ အဖေ့ကို ထားခဲ့ပြီး ကျန်တဲ့သူတွေကတော့
တန်းနေတာပဲ ပြန်ပြေးကြတာ။
ကျမက ရှေ့ဆုံးက ။
ဘယ်လို အိမ်ပြန်ရောက်မှန်းတောင်မသိဖူး။
ပြဿနာတော့ ဘာမှမရှိခဲ့ပါဖူး။
ဗိုလ်ကြီး၊ဗိုလ်မှူးကနေ ဗိုလ်ချုပ်အထိ တွေ့ခဲ့ရပါတယ်)
ဝေဠုကျော်ဖောင်ဒေးရှင်း
09455500010
09455500014
09776089484.." ဆိုပြီး အလှူနဲ့ပတ်သက်ပြီး အသိပေးဝေမျှထားတာပါ..။




သတင်းအရင်းမြစ်: Wai Lu Kyaw Foundation's Fb Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။