ပရိသတ်ကြီးရေ.. မမဆောင်းလို့အများက ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောင်ဆောင်းအိနြေ္ဒထွန်းကတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာ ရပ်တည်လျှောက်လှမ်းနေတဲ့ အနုပညာရှင်ပဲ ဖြစ်ပါတယ်..။
ပွင့်လင်းတဲ့ဟန်ပန်တွေကြောင့် ပရိသတ်တွေရဲ့တစ်ခဲနက်အချစ်တွေကိုရရှိထားတဲ့ သူမကတော့ လတ်တလောအခြေအနေတွေမှာလည်း လှူဒါန်းမှုတွေပြုလုပ်နေပြီး ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်နေတာလည်း တွေ့ရပါတယ်..။


စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် အလှူအတန်းတွေပြုလုပ်နေတဲ့ မမဆောင်းကတော့ အနှေးယာဉ်လုပ်သားတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းခဲ့တဲ့ ခန့်စည်သူရဲ့ အလှူမှာလည်း ကိုယ်တိုင်ပါဝင်အားဖြည့်ခဲ့ပြန်ပါတယ်..။
အခုလို အချိန်မှာလိုအပ်ပြီးခက်ခဲနေကြတဲ့ အနှေးယာဉ်လုပ်သား အိမ်ထောင်စု(၁၀၀)ကျော်အတွက် စားသောက်ကုန်နဲ့ အလှူငွေတွေ ပေးဝေလှူဒါန်းခဲ့တာဖြစ်ပြီး သူမတို့ရဲ့ အလှူပုံရိပ်တွေကိုလည်း မျှဝေထားတာလည်း ဖြစ်ပါတယ်..။


"မနေ့က အလှု 🙏🏻
အခုလိုခက်ခဲနေတဲ့နေတဲ့ အချိန်
ကိုခန့်စည်သူ မှ
သင်္ဃန်းကျွန်းမြို့နယ် အနှေးယာဉ်လုပ်သား(၁၉၁)ဦး၏ အိမ်ထောင်စုဝင်များအတွက် လှုဒါန်းပွဲ မှာ မမဆောင်း လည်း အလှုငွေ ပါဝင်လှုဒါန်းခဲ့ပါတယ်ရှင့် 🙏🙏🙏.." ဆိုပြီး အလှူပုံရိပ်တွေကို ဝေမျှထားပါ..။
ပြည်သူတွေအတွက် လိုအပ်တာတွေကိုဖြည့်ဆည်း ကူညီလှူဒါန်းခဲ့ကြတဲ့ ခန့်စည်သူနဲ့မမဆောင်းတို့ရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်..။


သတင်းအရင်းမြစ်: မမဆောင်း Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။