လှုပ်ရှားမှုတွေမှာကိုယ်တိုင်ပါဝင်နေပြီး လမ်းပေါ်ထွက်သူရဲကောင်းတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက်လည်း အလှူငွေတွေလှူဒါန်းနေတဲ့ ဝတ်မှုံရွှေရည်

//s9.kh1.co/67/67140f9f999c81f78443d00232c6cca7ceb20bc6.jpg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ရွှေကစ်လို့ ဆိုလိုက်တာနဲ့ အနုပညာလောကမှာထိပ်တန်းကနေ ဒိတ်ဒိတ်ကြဲအောင်မြင်နေပြီး ပရိသတ်အချစ်တွေအခိုင်အမာရရှိထားတဲ့ ပြည်သူချစ် အနုပညာရှင်အကယ်ဒမီမင်းသမီးချောဝတ်မှုံရွှေရည်ကို အားလုံးပဲ မြင်ယောင်မိကြမှာပါနော်..။

မင်းသမီးဝတ်မှုံရွှေရည်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း လုပ်နိုင်သမျှတွေကိုတတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်လုပ်ဆောင်နေပြီး ပြည်သူ့တာဝန်တွေကို ထမ်းဆောင်ကာ လူထုလှုပ်ရှားမှုတွေပြုလုပ်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Wutt Hmone Shwe Yi's Fb Page
Photo Credit - Wutt Hmone Shwe Yi's Fb Page
Photo Credit - Wutt Hmone Shwe Yi's Fb Page
Photo Credit - Wutt Hmone Shwe Yi's Fb Page

ရွှေကစ်လေးကတော့ လူထုလှုပ်ရှားမှုတွေမှာကိုယ်တိုင်ပါဝင်နေတဲ့အပြင် လမ်းပေါ်ထွက်သူရဲကောင်းတွေနဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက်လည်း အလှူငွေတွေသိန်းချီလှူဒါန်းနေတာကို မကြာခဏဆိုသလို မြင်တွေ့ရပါတယ်..။

ပြီးခဲ့တဲ့ရက်တွေကတည်းက ပြည်သူ့ဝန်ထမ်းတွေအတွက် အလှူငွေတွေသိန်းချီလှူဒါန်းခဲ့တဲ့အပြင် ဒီကနေ့လေးမှာလည်း အလှူငွေ(၁၀)သိန်းကို ထပ်မံလှူဒါန်းခဲ့တဲ့အကြောင်းလေးကို ရွှေကစ်လေးက သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးဝေမျှထားတာပါ..။

Photo Credit - Wutt Hmone Shwe Yi's Fb Page
Photo Credit - Wutt Hmone Shwe Yi's Fb Page
Photo Credit - Wutt Hmone Shwe Yi's Fb Page
Photo Credit - Wutt Hmone Shwe Yi's Fb Page

"အခက်အခဲဖြစ်နေသော CDM ဝန်ထမ်းများအတွက်

လိုအပ်သည့်နေရာများတွက် အသုံးပြုနိုင်ရန်

အလှူငွေထပ်မံ လှူဒါန်းထားပါတယ်.." ဆိုပြီး ကစ်က ပရိသတ်တွေကို ဝေမျှပြောပြထားတာပါ..။

လှုပ်ရှားမှုတွေမှာကိုယ်တိုင် ပူးပေါင်းပါဝင်သလို လမ်းထွက်သူရဲကောင်းတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့အပြင် CDM ဝန်ထမ်းတွေအတွက်လည်း အလှူငွေထည့်ဝင်လှူဒါန်းကာ အဖက်ဖက်ကနေ ပြည်သူတွေနဲ့ရပ်တည်နေတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Wutt Hmone Shwe Yi's Fb Page
Photo Credit - Wutt Hmone Shwe Yi's Fb Page
Photo Credit - Wutt Hmone Shwe Yi's Fb Page
Photo Credit - Wutt Hmone Shwe Yi's Fb Page

သတင်း အရင်းအမြစ်Wutt Hmone Shwe Yi's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T