နိုင်ငံသူ၊နိုင်ငံသားအားလုံးရဲ့သောကဟာ ဘုန်းဘုန်းတို့ရဲ့သောကလို့ ခံယူထားတာကြောင့် လမ်းပေါ်ထွက်ပြီး ပါဝင်အားဖြည့်ကြတဲ့ ဘုရားသားတော်များ

//s9.kh1.co/0b/0b246ead72dac85ab54516b71edbf40d54ca2233.jpeg
နေ့စဉ်သတင်းများ

 ၀၈-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

နိုင်ငံသူ၊နိုင်ငံသားအားလုံးရဲ့သောကဟာ ဘုန်းဘုန်းတို့ရဲ့သောကလို့ ခံယူထားတာကြောင့် လမ်းပေါ်ထွက်ပြီး ပါဝင်အားဖြည့်ကြတဲ့ ဘုရားသားတော်များ

မြန်မာပြည်သူ၊ပြည်သားတွေကတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းကနေ ယနေ့အချိန်ထိတိုင် သောကအပူမီးတွေဝေနေရတာပဲဖြစ်ပါတယ်။လက်ရှိအခြေအနေကြီးက တစ်လကျော်ကြာသွားပေမယ့်လည်း ပြည်သူလူထုကတော့ အားမာန်အပြည့်နဲ့ဆက်လက်ချီတက်နေကြဆဲပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာဆိုရင် နယ်ပယ်ပေါင်းစုံက ပြည်သူတွေက တစ်တပ်တစ်အားပါဝင်ကြတာဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ဘုရားသားတော်တွေဖြစ်တဲ့ ဘုန်းဘုန်းတွေကပါ ပြည်သူတွေနဲ့အတူ သောကအပူမီးတွေမျှဝေခံစားပြီး တစ်ထောင့်တစ်နေရာကနေကူညီပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

နဂိုကတည်းက မေတ္တာဓာတ်ခံကြီးမားကြတဲ့ မြန်မာလူမျိုးတွေကတော့ အခုလိုကာလမျိုးမှာ အခက်အခဲမှန်သမျှကို အပြန်အလှန်ဖေးမကူညီကြတာဖြစ်ပါတယ်။ဘုန်းဘုန်းတွေကလည်း လမ်းပေါ်မှာချီတက်နေကြတဲ့ ပြည်သူတွေရဲ့အဟာရအတွက်လည်း တတ်နိုင်သလောက် ပြန်လည်လှူဒါန်းကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မြို့နယ်အသီးသီးမှာရှိတဲ့ဘုန်းဘုန်းတွေကပါ ပြည်သူတွေနဲ့တစ်စိတ်တစ်ဝမ်းတည်းရှိတာကြောင့် လမ်းပေါ်အတူတူထွက်ကြပြီး လက်ရှိအခြေအနေကို ရင်ဆိုင်နေကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

ဆရာတော်တစ်ပါးကလည်း” အန္တရာယ်ဖြစ်မှာစိုးရိမ်ပြီးတားမြစ်​သော ဒါယိကာ ဒါယိကာမတစ်ဦးချင်းစီတိုင်းရဲ့မေတ္တာတရားကို လေးစားစွာ နားလည်ပါတယ်။နိုင်ငံသူနိုင်ငံသားအားလုံးရဲ့သောကဟာ ဘုန်းဘုန်းတို့ရဲ့သောကလို့ခံယူထားလို့ စကားနားမထောင်သလိုဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။တစ်နိုင်ငံလုံး လွတ်လပ်တဲ့နေ့ အားလုံးရဲ့စကားကို နားထောင်ပါ့မယ်။မြန်မာနိုင်ငံသူနိုင်ငံသားများ ဘေးကင်းအေးချမ်းပါစေ။(8.3.2021)”ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။အခုလိုကာလမှာ နယ်ပယ်ပေါင်းစုံကပြည်သူတွေက မိမိနိုင်ရာဝန်ကိုထမ်းကြပြီး စည်းလုံးနေကြတာပဲဖြစ်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T