လူအုပ်ကြားထဲရောက်ရှိလာတဲ့ မျက်ရည်ယိုဗုံးကို သတ္တိရှိရှိနဲ့ကောက်ကိုင်ပြီး တစ်ဖက်အခြမ်းကို ပြန်ပစ်ပေးလိုက်တဲ့ ပြည်သူတစ်ဦးရဲ့ဗီဒီယို

//s9.kh1.co/88/8871b78db30e1cfd877ce9e073dd3574a9b914b4.jpeg
နေ့စဉ်သတင်းများ

 ၀၈-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

လူအုပ်ကြားထဲရောက်ရှိလာတဲ့ မျက်ရည်ယိုဗုံးကို သတ္တိရှိရှိနဲ့ကောက်ကိုင်ပြီး တစ်ဖက်အခြမ်းကို ပြန်ပစ်ပေးလိုက်တဲ့ ပြည်သူတစ်ဦးရဲ့ဗီဒီယို

ယခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် မြန်မာပြည်သူ၊ပြည်သားတွေထဲမှာ လူငယ်သူရဲကောင်းတွေများစွာထွက်ပေါ်လာကြတာဖြစ်ပါတယ်။လူငယ်တွေက တီထွင်ကြံဆနိုင်စွမ်းလည်းရှိပြီး ဘက်ပေါင်းစုံ၊ထောင့်ပေါင်းစုံကနေ နည်းလမ်းအမျိုးမျိုးနဲ့ သေချာဆောင်ရွက်ကြတာဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာဆိုရင်ပြည်သူလူထုကလည်း အချင်းချင်း ကာကွယ်စောင့်ရှောက်ပေးကြပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ ကြိုးစားနေကြတာဖြစ်ပါတယ်။ယောက်ျားလေးတွေကလည်း အခုချိန်မှာ ကြောက်စိတ်ကိုတွန်းလှန်ပြီး ပြည်သူတွေဘေးကင်းဖို့အတွက် ရှေ့ဆုံးကနေ မားမားမတ်မတ်ရပ်တည်ပေးနေကြတာဖြစ်ပါတယ်။

Photo Credit:Video screenshot
Photo Credit:Video screenshot
Photo Credit:Video screenshot
Photo Credit:Video screenshot

လတ်တလောအခြေအနေတွေမှာဆိုရင် ပြည်သူတွေက မျက်ရည်ယိုဗုံးဒဏ်တွေနဲ့ ပစ်ဖောက်သံတွေကို ခံနိုင်ရည်ရှိဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ စနစ်တကျပြင်ဆင်ကြတာဖြစ်ပါတယ်။ပြည်သူတွေကတော့ လူအုပ်ကြားထဲကိုမျက်ရည်ယိုဗုံးဝင်လာပြီဆိုရင် ရေစိုအဝတ်နဲ့အုပ်တဲ့သူကလည်း ပြေးအုပ်ကြသလို အပူခံလက်အိတ်ဝတ်ထားတဲ့လူငယ်တွေကလည်း တစ်ဖက်အခြမ်းကို ပြန်ပစ်ပေးကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေက တစ်လကျော်ကြာသွားပြီဖြစ်လို့ ပြည်သူတွေလည်း အတွေ့အကြုံပိုရှိလာပြီး ရဲရင့်တဲ့စိတ်ဓာတ်နဲ့ပြန်လည်ချေပနေကြတာဖြစ်ပါတယ်။

Photo Credit:Video screenshot
Photo Credit:Video screenshot
Photo Credit:Video screenshot
Photo Credit:Video screenshot

မနေ့ကဆိုရင်လည်း ရန်ကုန်တိုင်း၊ကျောင်းမြောင်းမှာ လူထုလှုပ်ရှားမှုတွေပြုလုပ်ရင်း မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခံလိုက်ရတာဖြစ်ပါတယ်။လူထူလှုပ်ရှားမှုမှာပါဝင်နေတဲ့ ယောကျ်ားလေးတစ်ယောက်ကတော့ လူအုပ်ကြားထဲကိုရောက်ရှိလာတဲ့ မျက်ရည်ယိုဗုံးကို သတ္တိရှိရှိနဲ့ကောက်ကိုင်ကာ ဘေးလူတွေပါ အံ့အားသင့်သွားရလောက်အောင်တစ်ဖက်အခြမ်းကို ပြေးသွားပြီး အားမာန်အပြည့််နဲ့ ပြန်ပစ်လိုက်တာဖြစ်ပါတယ်။မျက်ရည်ယိုဗုံးကို ဘယ်သူမှအလွယ်တကူကောက်မကိုင်ရဲကြပေမယ့် အဲ့ဒီလူငယ်လေးကတော့ပြည်သူတွေအန္တရာယ်ကင်းဖို့အတွက် အခုလိုမျိုးကာကွယ်ပေးလိုက်နိုင်တာဖြစ်ပါတယ်။ဘေးမှာရှိတဲ့လူအုပ်ကလည်း အဲ့ဒီလူငယ်အတွက် “ဟေး”လို့သံပြိုင်အော်ကြပြီး ရဲရင့်တဲ့သူ့ရဲ့စိတ်ဓာတ်ကိုချီးကျူးကြတာဖြစ်ပါတယ်။ရဲရဲတောက်စိတ်ဓာတ်နဲ့ ပြည်သူတွေရဲ့လုံခြုံရေးကိုတတ်နိုင်သလောက် ကာကွယ်ပေးလိုက်နိုင်တဲ့ အဲ့ဒီလူငယ်လေးရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Video screenshot
Photo Credit:Video screenshot
Photo Credit:Video screenshot
Photo Credit:Video screenshot

Source:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T